ဂရမ်မီဆု စကာတင်စာရင်းဝင် အမေရိကန် ရက်ပ်အဆေိုတော် Nipsey Hussle ဟာ လော့စ်အိန်းဂျလိစ်တောင်ပိုင်ရှိ မာရသွန်အသဝ်အထည်ဆိုင် အနီးနားမှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ စီစီတီဗီရုပ်သံအရ သေနတ်သမားကို ရဲအဖွဲ့က ရှာဖွေလျှက်ရှိပါတယ်။
Nipsey Hussle ဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီး နာမည်ရင်းကတော့ “Ermias Asghedom” ဖြစ်ပါတယ်။ ရဲတွေရဲအဆိုအရ သေနတ်သမားဟာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး သေနတ်နဲ့ပစ်ပြီးတာနဲ့ ကားမောင်းထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်သက်သေ အမျိုးသမီးက ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။
Nipsey Hussle နဲ့အတု အခြားလူ နှစ်ယောက်လည်း ပစ်ခတ်ခံခဲ့ရပေမယ့် သူတို့နှစ်ဦးက အသက်ရှင်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး ဆေးအဖွဲ့တွေ ရောက်လာပြီး အသက်ရှုအားကူနည်းသုံးကာ ကယ်တင်ဖို့ ကြိုးစားပေမယ့် ဆေးရုံအရောက်မှာ Nipsey Hussle သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
Nipsey Hussle ဟာ ရာဇဝတ်မှုကျူးလွန်တဲ့ ဂိုဏ်းအဖွဲ့ရဲ့ ရန်ကနေ ရှောင်နိုင်ဖို့ကိစ္စကို ရဲတွေနဲ့ ဆွေးနွေးဖို့ တနင်္လာနေ့မှာ ချိန်းထားပေမယ့် တနင်္ဂနွေနေ့ညမှာ သတ်ခံလိုက်ရတာဖြစ်ပါတယ်။ အခုလို ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအတွက် အဆိုတော် ရီဟားနား အပါအဝင် အမေရိကန်ဂီတအသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း သူတို့ရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ရေးသားဖော်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ အမှုနဲ့ပက်သက်ပြီး တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရှိရသည်။