1. Home
  2. Movie Stars - Celebrity

မိတ်ကပ်တင်မက အတွင်းခံပါထုတ်ရောင်းလိုက်တဲ့ ရီဟားနား

Movie Stars - Celebrity เม.ย. 02, 2562 view 1,499

အမေရိက ပေါ့ပ်အဆိုတော် ရီဟားနားဟာ ဒီနှစ်ပိုင်းတွေမှာ သီချင်းတွေ သိပ်မဆိုဖြစ်တော့ပဲ Fentybeauty အမည်ရှိတဲ့ မိတ်ကပ်ပစ္စည်းတွေကိုပဲထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ “Umbrella” “Diamonds” “We found love” သီချင်းတွေနဲ့ လူသိများလာတဲ့သူမကို ပရိတ်သတ်တွေက သီချင်းအသစ်မထွက်တော့ဘူးလားလို့ တမေးထဲမေးနေကြပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ခါနီး Riri တစ်ယောက် ထုံးစံအတိုင်းFentybeauty ကထုတ်ကုန်တစ်ခုကို သူမရဲ့ အင်စတာဂရမ်ပေ့ခ်ျကနေ ကြေငြာခဲ့ပါတယ်။ Riri သီချင်းတွေကိုမျှော်လင့်စောင့်စားနေရတာ ပရိတ်သတ်တွေလဲစိတ်မရှည်တော့တဲ့ပုံပါပဲ။ ပရိတ်သတ်တစ်ဦးက “ငါတို့လိုချင်တာ မိတ်ကပ်မဟုတ်ဘူး သီချင်းအသစ်ပဲလိုချင်တယ်” လို့မန့်ထဲမှာရေးခဲ့ပါတယ်။ Riri က ဒီလိုပြောတဲ့ ပရိတ်သတ်ကို “နေပါဦး ၂၀၁၉ ထိစောင့်ပါဦး” လို့ပြန်လည်ပြောကြားခဲ့ပါတယ်။  အခု ၂၀၁၉ ရောက်နေပြီဆိုတော့ Riri ပရိတ်သတ်တွေက သူဘယ်တော့များ သီချင်းအသစ်ထွက်လာမလဲလို့ မျှော်တလင့်လင့် ဖြစ်နေကြတုန်းပါ။

ဒါပေမဲ့ Riri ကတော့ ခုထိ သီချင်းအသစ်မထွက်ပေးသေးပဲ မိတ်ကပ်အပြင်နောက်ထပ် ထုတ်ကုန်တစ်ခုဖြစ်တဲ့ မိန်းကလေး အတွင်းခံဘောင်းဘီနဲ့ ဘရာဇီယာတို့ကို ဆက်လက်ထုတ်လုပ်ရောင်းချနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က Riri တစ်ယောက် Fentybeauty မှကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ ဘီကီနီကို သူမကိုယ်တိုင် ဝတ်ဆင်ပြီး ကြေငြာခဲ့ပါတယ်။ Riri ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေဟာ Riri အရှိန်ကြောင့်ရော ကွာလတီအားကောင်းတာကြောင့်ပါ အစဉ်အမြဲရောင်းအားကောင်းနေခဲ့ပါတယ်။

ဒီတစ်ခါ ထွက်ရှိတဲ့ ဘီကီနီ အမျိုးအစားကို နာမည်ကြီးဟောလိဝုဒ် အနုပညာရှင်များနဲ့ စူပါမော်ဒယ်များက ဝယ်ယူအားပေးကြတယ်လို့သိရပါတယ်။ ပရိတ်သတ်များကတော့ Riri ကို ဈေးရောင်းနေတာ ရပ်စေချင်နေပြီလို့ သူမရဲ့ အင်စတာဂရမ် ကွန်မန့်တွေမှာပြောနေကြပါပြီ။ ကုန်ပစ္စည်းတွေထုတ်လုပ်တာတော့ကြိုက်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့လိုချင်တာသီချင်းအသစ်တွေပါဆိုပြီး ထပ်တလဲလဲပြောလာကြပါတယ်။ Riri တစ်ယောက် ဘယ်တော့များမှ သီချင်းတွေပြန်ဆိုမှာပါလဲနော်။

(ပိုပိုလေး)



Follow us on