1. Home
  2. Movie Stars - Celebrity

Suzy နဲ့ Lee Seung Gi ပါဝင်သည့် ရုပ်သံဇာတ်လမ်းတွဲပြသဖို့နှောင့်နှေးခံရ

Movie Stars - Celebrity เม.ย. 02, 2562 view 1,510

တောင်ကိုးရီးယား ဇာတ်လမ်းတွဲ ဒရာမာစတားနှစ်ယောက်ဖြစ်တဲ့ Lee Seung gi နဲ့ Suzy တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Vagabond ဇာတ်လမ်းတွဲဟာ ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသဖို့ နှောင့်နှေးခံခဲ့ရပါတယ်။ Vagabond က အက်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီး SBS ရုပ်သံလိုင်းမှ စီစဉ်ရိုက်ကူးတာပဲဖြစ်ပါတယ်။

Vagabond ဒရာမာရဲ့ ရိုက်ကူးရေးမှာပါဝင်တဲ့ အတွင်းလူတစ်ဦးရဲ့ ပြောကြားချက်အရ ဇာတ်လမ်းတွဲကို မေလပိုင်းမှာထုတ်လွှင့်ပြသဖို့လျာထားပေမယ့် ပြဿနာအကြောင်းကြောင်းကြောင့် စက်တင်ဘာလထိ ရွေ့ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီလို ပြသဖို့ အချိန်ကာလအများကြီးရွေ့လိုက်ရတဲ့ အကြောင်းအရင်းကတော့ Netflix နဲ့ ချိတ်ဆက်ဆွေးနွေးနေရတဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။

Vagabond ဇာတ်လမ်းတွဲကို SBS ရုပ်သံလိုင်းမှာရော Netflix မှာပါကြည့်ရှုနိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။ Netflix အနေနဲ့ လာမယ့်မေလပိုင်းမှာ တခြားဇာတ်ကားတွေနဲ့ ပြည့်နေတာဖြစ်တဲ့အတွက် Vagabond ကို ပြသနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ၊ အကယ်၍ SBS ကအရင် ထုတ်လုပ်ပြသထားလျှင် Netflix မှာ ကြည့်ရှုသူနည်းသွားမှာဖြစ်သည့်အတွက် ဇာတ်လမ်းတွဲပြသဖို့ နောက်ဆုတ်လိုက်ရတာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

Vagabond ဇာတ်လမ်းတွဲဟာ အက်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီး မော်ရိုကို နဲ့ ပေါ်တူဂီနိုင်ငံတွေမှာလဲ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Suzy ဟာ ရိုမန်တစ်အချစ်ဇာတ်ကားတွေမှာသာ သရုပ်ဆောင်လေ့ရှိပြီး ဒီဇာတ်ကားမှာတော့ Suzy ရဲ့ အက်ရှင်ချခန်းတွေကိုလဲမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Suzy နဲ့ Lee Seung Gi တို့ဟာ 2013 မှာထွက်ရှိခဲ့တဲ့ Gu Family Book မှာအတူ သရုပ်ဆောင်ဖူးကြပြီး ပြင်ပမှာလဲ ခင်မင်ရင်းနှီးသူတွေဖြစ်ကြပါတယ်။ Vagabond အက်ရှင်ဒရာမာကတော့ သူတို့နှစ်ယောက် အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ရတဲ့ ဒုတိယမြောက်ဇာတ်ကားပါ။ ပရိတ်သတ်ကြီးရေ မကြာခင်မှာ Lee Seung Gi နဲ့ Suzy တို့ရဲ့အက်ရှင်ဇာတ်လမ်းတွဲကို ကြည့်ရှုနိုင်ဖို့ စက်တင်ဘာလထိ တူတူစောင့်စားလိုက်ကြရအောင်နော်။

(ပိုပိုလေး)

 

 

 



Follow us on