1. Home
  2. Movie Stars - Celebrity

သီချင်းဆိုပြိုင်ပွဲတွေမှာ တစ်ခါမှဆုမရဖူးပေမဲ့ ဘယ်တော့မှအရှုံးမပေးခဲ့ဖူးဘူးဆိုတဲ့ Rဇာနည်

Movie Stars - Celebrity เม.ย. 03, 2562 view 1,459

နာမည်ကျော် Rocker ကြီး Rဇာနည်ဟာဆိုရင် လတ်တလော The Voice Myanmar ပြိုင်ပွဲကြီးမှာ ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ပါဝင်နေတာပဲဖြစ်ပါတယ်။ R ဇာနည်ဟာ အသံ ဗိုကယ်ပါဝါအားကောင်းတာကြောင့် သူ့သီချင်းတွေမှာ မပေါက်တဲ့သီချင်းဆိုတာမရှိသလောက်ပါပဲ။ ဒီလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ လူတစ်ယောက်ဟာ အဆိုတော်ပေါက်စဘဝတုန်းက သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပေမဲ့ ဘယ်တော့မှ မရွေးခံခဲ့ရဘူးလို့ ပြောလာပါတယ်။

Rဇာနည်ဟာ ကိုယ်တိုင်အဆိုပြိုင်ပွဲတွေမှာ ဆုမရခဲ့ပေမဲ့ အားမလျော့ပဲ သီချင်းတွေ ဆက်ဆိုနေခဲ့အတွက် လက်ရှိနေရာထိရောက်လာတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

အဆိုပြိုင်ပွဲမှာ နည်းပြဒိုင်တစ်ယောက်အဖြစ်ပါဝင်ရခြင်းရဲ့ အခက်အခဲလေးတွေကိုလဲ အောက်ပါအတိုင်းပြောကြားလာပါတယ်။ “အရမ်းဆုံးဖြတ်ရခက်တယ် judge လုပ်ရတာလဲမဟုတ်ဘူး The Voice က Coach ပေါ့နော် ဆုံးဖြတ်ပေးရတာမျိုးမဟုတ်ဘူး အဲ့တော့ အားလုံးကိုညီအစ်ကိုမောင်နှမလိုစိတ်ဖြစ်သွားပြီးတော့ တစ်ယောက်ချင်းစီကို အကောင်းဆုံးဖြစ်စေချင်တယ်။ ဒါမျိုးဖြစ်လာတော့ ကိုယ်သိသလောက် မှတ်သလောက် အကြံဥာဏ်ပေးတယ် Winner ဖြစ်ဖြစ် မဖြစ်ဖြစ် ရပ်တည်လို့ရအောင် အဲ့ သီချင်းဆိုစားတာ ဘာမှမဟုတ်ဘူးပေါ့နော် အခြားဘာပဲဖြစ်ဖြစ် အားလုံးကို ဒီစိတ်လေးနဲ့ နေထိုင်သွားဖို့ ပြောပြဖြစ်ပါတယ်။ ကိုယ်တိုင်လဲ perfect ဖြစ်နေလို့တော့ မဟုတ်ပါဘူး ဒါပေမဲ့အထိုက်အလျောက်တော့ဆုံးဖြတ်နိုင်ပါတယ် စဉ်းစားနိုင်တယ်ဆိုတော့ ကိုယ်သိသလောက် တတ်သလောက်မှတ်သလောက် ပြောပြတဲ့ အနေအထားမျိုးနဲ့ပဲ စိတ်ကအဲ့လိုရှိနေတာပေါ့” ဆိုပြီး ပြောလာပါတယ်။

အရင်တုန်းက ရှိခဲ့တဲ့ အဆိုပြိုင်ပွဲတွေနဲ့ ယှဉ်ကြည့်ဖို့အကြောင်းကို “အရင်ကတော့ ဆိုကြမယ် ပျော်ကြမယ် တစ်ခုတည်းရှိတယ် ကြည့်စရာလဲ အာ့တစ်ခုပဲရှိတယ် အဲ့တာမျိုးလေးတွေကွာတာပေါ့နော်” ဆိုပြီး ပြောလာပါတယ်။ ဒါ့အပြင် Rဇာနည်ဟာ ဂီတလောကကြီးမှာ တစ်ဦးနဲ့တစ်ဦး Respect ထားရှိဖို့ ပင်ပန်းမှုဒဏ်ကို ခံနိုင်ဖို့ တက်သစ်စအဆိုတော်လေးတွေအတွက် အားပေးစကားပြောကြားလာပါတယ်။

Credit- Idea Magazinge

(ပိုပိုလေး)



Follow us on