1. Home
  2. Movie Stars - Celebrity

မိသားစုဘဝတစ်ခု တည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးလို့ဆိုလာတဲ့ထွန်းထွန်း

Movie Stars - Celebrity เม.ย. 03, 2562 view 1,604

သရုပ်ဆောင်၊ အဆိုတော် ထွန်းထွန်းဟာ ဆယ်စုနှစ် (၂) ခုလုံးမှာ အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ယောက်လို့ပြောရမှာပါပဲ။ ထွန်းထွန်းဟာ အနုပညာလောကကို Examplez သီချင်းအဖွဲ့နဲ့အတူဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ Examplez ထွန်းထွန်းဆိုရင် မသိသူမရှိသလောက်ပါပဲနော်။ Examplez အဖွဲ့ပြိုကွဲပြီးနောက်ပိုင်းမှာလဲ တစ်ကိုယ်တော် ရပ်တည်ပြီး သရုပ်ဆောင်၊ အဆိုတော်အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။အခုဆိုရင် ပြီးခဲ့တဲ့ နှစ်မှာ အုတ်ကြားမြက်ပေါက် ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားတဲ့ အကယ်ဒမီထွန်းထွန်းဖြစ်နေပါပြီ။ ထွန်းထွန်းဟာ သရုပ်ဆောင်၊ အဆိုတော်ဆိုတာအပြင် နှင်းဆီအငြိမ့်အဖွဲ့မှာ လူရွှင်တော်ထွန်းထွန်းအဖြစ်ပါဝင်တဲ့ လူတစ်ယောက်ပါ။

ထွန်းထွန်းဟာ သရုပ်ဆောင်၊ အဆိုတော်လောကမှာ ခေတ္တခဏပျောက်သွားပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အင်တာဗျူးတစ်ခုမှာ မေးမြန်းလိုက်တဲ့အခါမှတော့ ထွန်းထွန်းက “အမှန်တော့ ငြိမ်နေလိုက်တာမဟုတ်ဘူးပေါ့နော် အသက် ၂၁ အရွယ်ကစပြီး ၂၆ ၁၇ လောက်အထိအလုပ်ကိုဆက်တိုက်လုပ်ဖြစ်တယ်

ပြောရရင်အတောင်ညောင်းသွားတယ်ပေါ့ ငှက်လေးတစ်ကောင် ပျံနေရင်းနဲ့ အတောင်ညောင်းသွားတယ်၊ အဲ့ဒါကြောင့် ခဏလေး ကျွန်တော်နားတယ်၊ အခြားလုပ်စရာရှိတဲ့ကိစ္စလေးတွေကကျွန်တော်လုပ်တယ်၊ ကျွန်တော်ပျော်အောင်နေတယ် အခြားဘဝတွေမှာကျွန်တော်မပျော်ဘူး အဆင်မပြေဘူး အသက်မွေးဝမ်းကျောင်းဖြစ်တဲ့  ဒီအလုပ်ကိုပဲပြန်လုပ်မယ်လို့ ဆုံးဖြတ်ပြီး ပြန်လုပ်ဖြစ်ပါတယ်” လို့ပြောလာပါတယ်။

ဆက်လက်ပြီး အချစ်ရေးနဲ့ ပတ်သတ်ပြီးမေးမြန်းတဲ့အခါမှတော့ “ကျွန်တော်သံယောဇဉ်ရှိပြီး တကယ်ချစ်နေပြီဆိုရင် ကိုယ့်အတွက်တောင်မေ့နေပြီး သူ့အတွက်ပဲ ရင်ထဲထားတတ်တဲ့သူပါ အဆင်မပြေလို့ လမ်းခွဲမယ်ဆိုရင်လဲ အဲ့တာကို တမှိုင်မှိုင်တတွေတွေ ဖြစ်နေမယ့်ထဲမှာမပါဘူး။ အသဲကွဲတယ်ဆိုတာ ကျွန်တော့်အတွက်ရှိမှာမဟုတ်ပါဘူး၊ နောင်လဲရှိမှာမဟုတ်ပါဘူး၊ ချာတိတ်ဘဝတုန်းကတော့ ကွဲချင်ကွဲလိမ့်မယ် နောက်ပိုင်းမှာတော့ အသဲကွဲတယ်ဆိုတာမျိုးမရှိတော့ပါဘူး။” လို့ပြောကြားလာပါတယ်။

အိမ်ထောင်ပြုဖို့ ကိစ္စနဲ့ ပတ်သတ်ပြီးမေးမြန်းလိုက်တဲ့အခါမှာတော့ “မိဘတွေနဲ့ ဆက်ပြီးနေချင်သေးလို့ family man ဖြစ်ဖို့ ရယ်ဒီမဖြစ်သေးဘူး” လို့ဖြေကြားသွားခဲ့ပါတယ်။

(ပိုပိုလေး)

Credit-Idea Magazine

 

 



Follow us on