1. Home
  2. Special or Others

ကလေးထိန်း CCTV မှစောင့်ကြည့်ရာ သရဲက ကလေးမျက်နှာကိုကုတ်ခြစ်သွားကြောင်းတွေ့ရှိရ

Special or Others เม.ย. 04, 2562 view 1,637

မျိုးရိုးနာမည် Michigan အမည်ရှိတဲ့ လင်မယားနှစ်ယောက် ဟာညအိပ်တဲ့အခါ ၁ နှစ်အရွယ်သမီးရဲ့ အခန်းကို CCTV တပ်ပြီးစောင့်ကြည့်ခဲ့တဲ့ အခါမှာတော့ ကလေးကို သရဲက မျက်နှာ ကုတ်ခြစ်သွားကြောင်းတွေ့ရှိရပါတယ်။

အသက် ၃၀ အရွယ် Joshua Higgins နဲ့ ၂၅ နှစ်အရွယ် Heather Brough တို့ဟာ ဒီကိစ္စဖြစ်ပျက်ပြီးနောက် အိမ်အသစ်ကိုရှာဖွေနေကြပါပြီ။ CCTV မှတ်တမ်းအရ အသက် ၁ နှစ်အရွယ် Lily ဟာ သူ့အနားမှာတစ်စုံတစ်ခု ရှိနေသလိုပြုမူနေခဲ့ပြီး မကြာခင်မှာ မျက်နှာကို လက်သည်းနဲ့ ကုတ်ခြစ်ခံလိုက်ရတဲ့ ဒဏ်ရာမျိုးတွေထွက်ပေါ်လာပါတယ်။ 
 
လင်မယားနှစ်ယောက်ဟာ ဒီအဖြစ်အပျက်ကိုမြင်ပြီး အံ့အားသင့်ခဲ့ကြပါတယ်။ ကလေးငယ်ရဲ့ ပါးမှ ခြစ်ရာများကလဲ သာမန်မဟုတ်ပဲ “ခရမ်းရောင်” ခြစ်ရာများဖြစ်နေခဲ့ပါတယ်။ ဇနီးဖြစ်သူ Heather က ဒီအိမ်ကြီးထဲမှာ စိတ်ဆိုးနေတဲ့ ယောကျင်္ားတစ်ယောက်ရဲ့ အသံတွေ မကြာခဏကြားနေရတာဖြစ်တဲ့အတွက် CCTV တပ်ပြီးစောင့်ကြည့်ဖြစ်တယ်လို့ပြောကြားလာပါတယ်။

ဒီအိမ်ကြီးဟာ လင်မယားနှစ်ယောက်ထဲက လင်ယောင်္ကျားဖြစ်သူရဲ့ မိဘများပိုင်ဆိုင်တဲ့ အိမ်ဖြစ်ပါတယ်။ ဒီအိမ်ကြီးရဲ့ ရာဇဝင်ကို အိမ်နီးချင်းတွေပြောပြချက်အရ တူဝရီးနှစ်ယောက်နေသွားတာဖြစ်ပြီး တူမဖြစ်သူကြောင့် အဒေါ်ဖြစ်သူက လှေကားပေါ်ကနေ မရှုမလှ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ထွက်ဆိုလာပါတယ်။ ဒါ့အပြင် အဆိုပါ တူဝရီးနဲ့အတူနေထိုင်တဲ့ ယောကျင်္ားသားတစ်ဦးကလဲ ဝရန်တာကနေ ခုန်ချသေဆုံးသွားတယ်လို့ ပြောကြပါတယ်။

ဒီအကြောင်းအရာတွေကို သိရှိပြီးနောက် Michigan လင်မယားဟာ အိမ်အသစ်ရှာဖွေနေပြီး ထိုအိမ်ကြီးကို ရောင်းဖို့လုပ်ခဲ့ပေမဲ့ ဘယ်သူမှ ဝယ်မယ့်သူမရှိ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ရဲတွေက ဒီကိစ္စနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြပါတယ်။
 
(ပိုပိုလေး)

 



Follow us on