1. Home
  2. Movie Stars - Celebrity

တစ်ချိန်က F4 မှာအတူသရုပ်ဆောင်ဖူးတဲ့ သူနှစ်ယောက်ပြန်လည်ဆုံတွေ့

Movie Stars - Celebrity เม.ย. 04, 2562 view 1,865

2008, 2009 ဝန်းကျင်လောက်မှာ အရမ်းခေတ်ထခဲ့တဲ့ F4 ဒရာမာဇာတ်လမ်းတွဲကိုပရိသတ်ကြီး မှတ်မိလိမ့်မယ်ထင်ပါတယ်။ မြန်မာလို “ပန်းပွင့်ပေါ်မှ ကိုယ်လူချောလေးများ” လို့အမည်ရတဲ့ဒီကားကို လူတော်တော်များများအကြိုက်တွေ့ခဲ့ကြပါတယ်။  F4 ဒရာမာဇာတ်လမ်းတွဲမှ မင်းသား၊ မင်းသမီးကိုယ်စီဟာ အိမ်ထောင်ကျသူကကျ၊ စစ်မှုထမ်းသူကထမ်းနဲ့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့ အားလပ်ကြပုံမပေါ်ပါဘူး။

F4 ကားမှ မင်းသားမင်းသမီးတွေဟာ ဒီဇာတ်လမ်းမှာအတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ခင်မင်ရင်းနှီးမှုရရှိခဲ့ကြပါတယ်။ ဂူဂျွန်ပျိုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်မင်းသား လီမင်ဟိုနဲ့ ဆိုရီဂျောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ ကင်ဘမ်းတို့ဟာ ဒီဇာတ်ကားအပြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ အလားတူစွာ ဝူဘင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ ကင်ဂျွန်နဲ့ မင်းသမီး ဂူဟဲဆောင်းန်တို့ကလဲ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။

ကင်ဂျွန်ရော ဂူဟဲဆောင်းန်ပါ အိမ်ထောင်အသီးသီးကျသွားကြပြီး အနုပညာလောက ကနေ ကွယ်ပျောက်သွားခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီပဲဖြစ်ပါတယ်။ ကင်ဂျွန်တစ်ယောက် အနုပညာလောက ကကွယ်ပျောက်သွားပြီး အချိန်အတော်ကြာမှပြန်ပေါ်လာတာဖြစ်ပါတယ်။ ကင်ဂျွန်ဟာ ၂၀၁၈ မှာ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အိမ်ထောင်ကျပြီးဖြစ်ကြောင်း ၂ နှစ်အရွယ် သမီးတစ်ယောက်ရှိကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့မှာ ကင်ဂျွန်ဟာ ဂူဟဲဆောင်းန်နဲ့အတူ café သွားပြီး ဒိတ်လုပ်ခဲ့တဲ့ ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ “တကယ်ကိုမတွေ့ရတာကြာပြီ အရင်အတိုင်းပဲနော်” ဆိုပြီး ဂူဟဲဆောင်းန်က အရင်လို လှဆဲနုပျိုဆဲ ဘာမှမပြောင်းလဲကြောင်း ရေးသားပြီး အင်စတာဂရမ်မှာပို့စ်တင်ခဲ့ပါတယ်။

(ပိုပိုလေး)

 



Follow us on