1. Home
  2. Movie Stars - Celebrity

မြင်သူတကာ အံ့အားသင့်အောင်မိန်းကလေးလိုဝတ်စားပြလိုက်တဲ့ အိစိကွေး

Movie Stars - Celebrity เม.ย. 04, 2562 view 1,780

နာမည်ကျော်ကလေးသရုပ်ဆောင် အိစိကွေးဟာ ငယ်စဉ်ကတည်းကချစ်စရာကောင်းတာကြောင့် ပြည်သူလူထုချစ်ခင်ရတဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလဲ မမှားပါဘူး။ အိစိကွေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က challenge လေးတစ်ခုစိန်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။

ဖေ့ဘွတ်ပို့စ်မှာ like 2.5k comment 10k ရရင် မိန်းကလေးလို ဝတ်စားပြီးဓာတ်ပုံတင်ပေးမယ်လို့ စိန်ခေါ်ခဲ့တာပါ။ အိစိကွေးကို မိန်းကလေးလို ဝတ်စားတာမြင်ချင်တဲ့ ပရိတ်သတ်တွေအများအပြားရှိနေပုံပါပဲ။ အိစိကွေးရဲ့ ပို့စ်အောက်မှာ မန့်တွေ အများကြီးမန့်ခဲ့ကြပါတယ်။

ကွန်မန့်ပေါင်း 10k ကျော်သွားပြီဖြစ်တဲ့အတွက် အိစိကွေးဟာ ပေးထားတဲ့ ကတိအတိုင်း ပရိတ်သတ်ကြီးကို မိန်းကလေးကို ဝတ်စား၊ မိတ်ကပ်ပြင်ဆင်ထားတဲ့ပုံကို ဖေ့ဘွတ်ခ်အကောင့်ကနေတစ်ဆင့်တင်ပေးလိုက်ပါပြီ။ အိစိကွေးမိန်းကလေးလို ဝတ်စားထားတာဆိုရင်ဖြင့် အမှန်တကယ်ကို မိန်းကလေးအစစ်နဲ့တူနေပြီး မိန်းကလေးတွေတောင် အရှုံးပေးရလောက်အောက် လှနေတာကိုတွေ့ရမှာပါ။

ပရိတ်သတ်ကြီးရေ အိစိကွေးလေးက မိန်းကလေးပုံစံနဲ့ ချစ်ဖို့ကောင်းတယ်လို့မထင်မိဘူးလား? ^^

(ပိုပိုလေး)



Follow us on