1. Home
  2. Movie Stars - Celebrity

အမျိုးသမီးလိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကင်မ်ဟွန်းဂျွန်း

Movie Stars - Celebrity เม.ย. 04, 2562 view 1,509

၂၀၀၀ ခုနှစ်တွေမှာနာမည်ကြီးခဲ့တဲ့ တောင်ကိုးရီးယား Kpop အဆိုတော်အဖွဲ့ SS501 မှကင်မ်ဟွန်းဂျွန်းဟာ အမျိုးသမီးငယ် တစ်ဦးကိုလိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ကင်မ်ဟွန်းဂျွန်းကို မတ်လ ၂၉ ရက်နေ့မှာ တရားရုံးမှ အမှုစစ်ဆေးမှုခံယူရန်ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ မေလပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ နစ်နာသူမိန်းကလေးက ပြောကြားထားပါတယ်။ အစော်ကားခံရသူမိန်းကလေးနဲ့ ကင်တို့ဟာ အလုပ်မှာခင်မင်ရင်းနှီးကြရင်း အတူအရက်သောက်ဖြစ်ကာ ဒီအမှုဖြစ်ပွားခဲ့ရခြင်းဖြစ်တယ်လို့ တိုင်ကြားခဲ့ပါတယ်။ အမှုဖြစ်ပွားရာနေရာကတော့ အီဆန်းမြို့ ဂိုယန်အရပ်ဒေသမှာဖြစ်ပျက်ခဲ့တယ်လို့ ပြောထားပါတယ်။

နစ်နာသူမိန်းကလေးပြောကြားချက်အရ ကင်မ်ဟာ သူမရဲ့ အိမ်မှာအရက်သောက်ခဲ့ပြီး သူမအပေါ်မတော်မတရားကျူးလွန်ခဲ့တာဖြစ်ပါတယ်။ “သူကျွန်မကိုပြောတာက ကျွန်မကို မြန်မြန်အိပ်ပျော်အောင်လုပ်ပေးမယ်လို့ပြောတယ် သူပြောတဲ့အတိုင်းကျွန်မ  လဲလျောင်းလိုက်တာပါပဲ သူကကျွန်မကို အဆင်ပြေသွားလိမ့်မယ်လို့ပြောပြီး ကျွန်မလက်မောင်းကိုဆွဲလိုက်ပြန်တယ်၊ အဲ့တော့မှ ကျွန်မအစော်ကားအနိုင်ကျင့်ခံလိုက်ရပြီဆိုတာ သိလိုက်ရတာပါပဲ။ ကျွန်မ နှစ်ကြိမ်တိတိတောင်းပန်ခဲ့ပေမဲ့ သူကမရပ်ပေးခဲ့ပါဘူး” ဆိုပြီး SBS သတင်းဋ္ဌာန အင်တာဗျူးမှာဖြေကြားသွားပါတယ်။  

ကင်မ်ဟာ သူမကို ဒီလိုစော်ကားပြီးတဲ့အခါမှာ အရင်လို ဘာမှမဖြစ်ခဲ့သလို ဆက်လက်နေထိုင်သွားဖို့ တောင်းဆိုခဲ့တယ်လို့လဲ ပြောကြားလာပါတယ်။ ဒီကိစ္စဖြစ်ပွားပြီး နစ်နာသူမိန်းကလေးဟာ စိတ်ပိုင်းဆိုင်ရာဆေးကုသမှုခံယူနေခဲ့ရပြီး ရဲကိုတိုင်ကြားဖို့တောင် မတတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိ ၂၀၁၉ မှာတော့ အမျိုးသမီးသတင်းထောက်တွေက အမျိုးသမီးတွေဘက်က ရပ်တည်ပြီး ဒီလိုသတင်းတွေကို ကူညီဖော်ထုတ်ပေးလာတာဖြစ်တဲ့အတွက် သူမယုံကြည်မှုတွေရရှိပြီးတိုင်ကြားဖြစ်ခဲ့တယ်လို့ ပြောသွားပါတယ်။ ကင်မ်ဟွန်းဂျွန်းရဲ့ အေဂျင်စီ ကတော့ လက်ရှိကင်မ်ဟာ နိုင်ငံခြားကို ဖျော်ဖြေရေးသွားရောက်နေတာဖြစ်ပြီး ဒီအမှုမှ ကင်မ်နဲ့ အဆိုပါမိန်းကလေးဟာ ချစ်သူတွေဖြစ်ခဲ့ဖူးကြောင်း အဆိုပါအဖြစ်အပျက်ဟာ နှစ်ဦးသဘောတူ ဖြစ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

အဆိုတော်တွေဟာ ပြည်သူချစ်ရတဲ့သူတွေဖြစ်ပြီး ပရိတ်သတ်ရှေ့မှာတော့ ချစ်စဖွယ် သဘောကောင်းတဲ့ ပုံစံပြသနေပေမဲ့ ကွယ်ရာမှာတော့ သူတစ်ပါးကိုနှိပ်စက် လူမဆန်တဲ့လုပ်ရပ်မျိုးတွေ လုပ်နေကြတယ်လို့ ကိုးရီးယားပြည်သူတွေက ဆိုရှယ်မီဒီယာတွေမှာ ပြောလာကြပါတယ်။ ၂၀၁၉ အတွင်းမှာ အဆိုတော် ဂျောင်ဂျွန်ယောင်းနှင့် သူငယ်ချင်းအဖွဲ့တို့ဟာ မိန်းကလေးငယ်များကို အဓမ္မပြုကျင့်ပြီး group chat မှာ share ခဲ့ကြတဲ့အတွက် လက်ရှိ အချုပ်ခန်းမှာချုပ်ခံထားရပြီး စစ်ဆေးမှုဆက်လက်ခံယူနေရဆဲပဲဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on