1. Home
  2. Movie Stars - Celebrity

လေးနာရီအတွင်း ကြည့်ရှုသူ (၁၀)သန်းကျော်သွားတဲ့ Black Pink ရဲ့ Kill This Love

Movie Stars - Celebrity เม.ย. 05, 2562 view 1,798

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး မိန်းကလေးအဆိုတော်အဖွဲ့ Black Pink ဟာ အရှေ့အာရှနိုင်ငံများမှာသာမက အနောက်နိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြားတဲ့ Girl group ဖြစ်ပါတယ်။ Jennie, Jisoo, Rose’ နဲ့ Lisa တို့ပါဝင်တဲ့ Black Pink ကို တောင်ကိုးရီးယားရဲ့ Queens တွေလို့တောင် တင်စားခေါ်ဝေါ်နေကြပါပြီ။

Black Pink ဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က “Kill This Love” အမည်ရှိတဲ့သီချင်းတစ်ပုဒ်ထွက်ခဲ့ပါတယ်။ ဒီသီချင်းဟာ Youtube မှာတင်ပြီးပြီးချင်း အချိန် (၄)နာရီ နဲ့ (၁၃) မိနစ် အတွင်းမှာ ကြည့်ရှုသူ (၁၀)သန်းကျော်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Music Video တင်ထားတာ တစ်ရက်တောင်မကျော်သေးပေမဲ့ ကြည့်ရှုသူ (24) သန်း ရရှိထားပြီး Youtube trending ရဲ့ No.1 နေရာချိတ်ထားပြီဖြစ်ပါတယ်။ Black Pink ဖန်တွေဖြစ်တဲ့ blinks လေးတွေအတွက်တော့ ဂုဏ်ယူစရာပါပဲနော်။

Black Pink ဟာ Kill This Love မတိုင်မီ ထွက်ရှိခဲ့တဲ့ “Du Du Du” သီချင်းနဲ့ Youtube ကြည့်ရှုသူ သန်းပေါင်း ခုနှစ်ရာကျော်ရရှိထားသူပါ။ ဒီအတွက်ကြောင့် အမေရိက ဂရမ်မီဆုပေးပွဲမှာ တက်ရောက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

Black Pink ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ဟာ လတ်တလော Seungri ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ငွေမဲသူဋ္ဌေးတွေကို အပျော်မယ်ရှာပေးမှုတို့မှာ ပါဝင်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး ရှယ်ယာဈေးတွေကျဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ Black Pink ရဲ့ အသစ်ထွက်ရှိတဲ့ သီချင်း ပိုစတာထွက်ရှိပြီးနောက် YG ရဲ့ ရှယ်ယာဈေးတွေပြန်တက်လာခဲ့ပါတယ်။ Black Pink ဟာ YG ကို ကယ်တင်လိုက်တာလို့ပြောရမှာပါပဲ။ Black Pink ရဲ့ “Kill This Love” music video ထွက်လာပြီး YG Entertainment ရဲ့ ရှယ်ယာဈေးတွေဟာ ပိုမို မြှင့်တက်လာတာကြောင့်ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ လေးနာရီအတွင်းကြည့်ရှုသူ (၁၀) သန်းကျော်သွားတဲ့ black pink ရဲ့ သီချင်း “Kill This Love” ကိုကြည့်ရှုခံစားနားဆင်ကြည့်လိုက်ကြပါဦး <3

(ပိုပိုလေး)

 

 



Follow us on