1. Home
  2. Movie Stars - Celebrity

အဆိုတော်Seungri အမှုမှာ ကမ္ဘာ့အကြီးဆုံး ဒုစရိုက်ဂိုဏ်းကြီးတစ်ခုပါဝင်ပတ်သတ်နေကြောင်း တွေ့ရှိရ

Movie Stars - Celebrity เม.ย. 05, 2562 view 1,582

တောင်ကိုးရီးယားနိုင်ငံ လူကုံထံ အသိုင်းအဝိုင်းတွေနေထိုင်ရာ ဂန်းနမ်အရပ်ရှိ Burning Sun Club အတွင်းဖြစ်ပွားခဲ့တဲ့ အမှုဟာ နာမည်ကြီးအဆိုတော် Seungri ပါဝင်ပတ်သတ်မှုတွေရှိနေတာကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ Seungri ဟာ နိုင်ငံတကာမှာ ဒုစရိုက်သူဋ္ဌေးတွေကို အပျော်မယ်ရှာပေးပြီး ကလပ်အတွင်း မုဒိန်းမှုဖြစ်ပွားစေတဲ့ အဓိကတရားခံဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ကလပ်အတွင်းအသိစိတ်ပျောက်စေတဲ့ မူးယစ်ဖောက်ကားမှုတွေလုပ်ခဲ့ကြောင်းလဲသိရပါတယ်။ Seungri ဒါရိုက်တာအဖြစ် အုပ်ချုပ်တဲ့ Burning Sun ကလပ်ရဲ့ ရင်းနှီးမြုပ်နှံသူဟာ တရုတ်နိုင်ငံ ထိုင်ဝမ်မှ Madam Lin အမည်ရှိတဲ့ သူဋ္ဌေးမတစ်ဦးဖြစ်နေပါတယ်။ ရဲတွေဟာ မျိုးရိုးနာမည် လင်း အမည်ရှိတဲ့ အမျိုးသမီးအကြောင်းကို တူးဖော်ကြည့်တဲ့အခါမှာတော့ သူမရဲ့ သာမန်ထက်ပိုတဲ့ ချမ်းသာမှုကို သံသယရှိခဲ့ကြပါတယ်။

ထိုင်ဝမ်သတင်းမီဒီယာတွေပြောကြားချက်အရ Lin ဟာ ၁၉၉၃ ခုနှစ်မှာ ရဲဝန်ထမ်းဟောင်းတွေနဲ့အတူ ကာစီနို စားသောက်ဆိုင် ဖွင့်ခဲ့တာဖြစ်ပါတယ်။ သူမဟာ  အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ် တစ်ခုကိုပိုင်ဆိုင်သူတစ်ဦးလဲဖြစ်ပြီး အမေရိကန် Las Vegas မြို့နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလဲ ကာစီနိုလိုင်းတွေဖွင့်လှစ်ထားပါတယ်။

Madam Lin ရဲ့ လောင်းကစား ဝက်ဘ်ဆိုဒ်ကနေရရှိတဲ့ ဝင်ငွေကတော့ တစ်ရက်ကို  (၁၃) မီလီယံဒေါ်လာဖြစ်ပြီး ၅နှစ်တာအတွင်းမှာ 12.3 ဘီလီယံဒေါ်လာ ဝင်ငွေရှိခဲ့ပါတယ်။ Madam Lin ဟာ တရုတ်တိုင်ပေမှာရှိတဲ့နာမည်ကြီး ကုန်တိုက်တွေမှာ VVIP တစ်ဦးဖြစ်ပြီး သူမသုံးတဲ့ ပစ္စည်းတွေကလဲ သူဋ္ဌေးအများစုတောင် မသုံးနိုင်တဲ့ဈေးကြီးတဲ့ Branded များကို သာအသုံးပြုတာတွေ့ရပါတယ်။ နိုင်ငံတကာကို ကူးသန်းသွားလာတိုင်း သူမအသုံးပြုတဲ့ Yi Ji Lin ဆိုတဲ့ နာမည်ဟာ သူမရဲ့ နာမည်အရင်းမဟုတ်ပါဘူး။ ကိုးရီးယားရဲများက ဆက်လက်တူးဖော်ကြည့်တဲ့အခါမှာတော့ Madam Lin ရဲ့ မျိုးရိုးနာမည်ဟာ Lin မဟုတ်ပဲ Yu ဖြစ်နေကြောင်းသိရှိခဲ့ရပါတယ်။ Madam Lin ရဲ့ အမှုမှာ အပြည်ပြည်ဆိုင်ရာ ဒုစရိုက်လောကသားတွေပါဝင်နေပြီး ကမ္ဘာမှာအကြီးဆုံး ဒုစရိုက်ဂိုဏ်းကြီးတစ်ခု ကိုဖော်ထုတ်သွားမှာဖြစ်တယ်လို့ တောင်ကိုးရီးယားရဲတပ်ဖွဲ့ ကထုတ်ပြန်လာပါတယ်။

ဒီအမှုဟာနိုင်ငံတကာနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် တောင်ကိုးရီးယားရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ interpolation ကို အကူအညီတောင်းခံပြီး အတူတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

(ပိုပိုလေး)

 



Follow us on