1. Home
  2. Movie Stars - Celebrity

Blackpink ကိုရူးသွပ်ကြောင်းဝန်ခံထားကြတဲ့ နာမည်ကြီးဆယ်လီများ

Movie Stars - Celebrity เม.ย. 05, 2562 view 2,207

တောင်ကိုးရီးယား နာမည်ကြီး girl idol အဖွဲ့ Blackpink ဟာ စတင်ပွဲဦးထွက်ကတည်းက ပရိတ်သတ်အများလက်ခံအားပေးလာကြတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ သူမတို့ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စတိုင်တွေက ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ Blackpink အဖွဲ့ဟာ ဒီနှစ်ပိုင်းမှာ ကြိုက်နှစ်သက်သူပိုများလာပြီး Youtube မှာလဲ Music Video ကြည့်ရှုသူသန်းပေါင်းများစွာရရှိထားတဲ့ kpop အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Blackpink ကို kpop ရဲ့ queen လို့တောင် တင်စားခေါ်ဝေါ်နေကြပြီး ရူးသွပ်သူပရိတ်သတ်တွေ များပြားလာတာတွေ့ရပါတယ်။ ထိုအထဲကမှ blackpink ကို ကြိုက်နှစ်သက်တဲ့ နာမည်ကျော် ဆယ်လီတစ်ချို့လဲ ရှိနေခဲ့ပြီး သူတို့ blackpink သီချင်းတွေကို ကြိုက်နှစ်သက်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်

 

Lee Won Geun

သရုပ်ဆောင် Lee Won Geun ဟာ Golden Music Awards မှာသူအကြိုက်ဆုံးအဖွဲ့ က blackpink ဖြစ်ကြောင်းပြောကြားသွားပါတယ်။

Jisoo

မင်းသား Jisoo ကိုအင်တာဗျူးတစ်ခုမှာ အကြိုက်ဆုံး group နဲ့ နားထောင်ဖြစ်တဲ့သီချင်းတွေအကြောင်းမေးမြန်းခဲ့တဲ့အခါမှာ blackpink သီချင်း “Playing with fire”နားထောင်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ Jisoo အနေနဲ့ blackpink ကိုဘာလို့ သတိထားမိလဲဆိုတော့ blackpink မှာသူနဲ့ နာမည်တူတဲ့လူရှိနေလို့ သတိထားမိရင်းက သီချင်းတွေကို နားထောင်ဖြစ်လာတယ်လို့ ပြောကြားသွားပါတယ်။

Kim Jae Joong

Kim Jae Joong ကတော့ သူစစ်မှုထမ်းနေစဉ်ကာလအတွင်း အကြိုက်ဆုံး girl group တွေကို ပြောပြဖြစ်ခဲ့ပါတယ်။ သူအကြိုက်ဆုံးကတော့ twice နဲ့ blackpink ဖြစ်ပြီး ဒီနှစ်ဖွဲ့ဟာစစ်တပ်ထဲမှာ နာမည်အကြီးဆုံးဖြစ်ကြောင်းပြောကြားသွားပါတယ်။

Song Kang

တက်သစ်စ သရုပ်ဆောင် Song Kang ကို Happy together အစီအစဉ်မှ အကြိုက်ဆုံး group ကိုမေးမြန်းခဲ့တဲ့အခါမှာတော့ blackpink ကိုအကြိုက်ဆုံးလို့ပြောကြားခဲ့ပါတယ်။

Ha Ha

Running Man အဖွဲ့ဝင် Haha ကတော့ Blackpink မှ Jennie ရဲ့အမာခံ ပရိတ်သတ်တစ်ယောက်လို့ အစီအစဉ်မှာပြောကြားခဲ့ပါတယ်။ Jennie ရဲ့ ဖက်ရှင်စတိုင်ဟာ သူများနဲ့မတူပဲအမြဲတစ်မူထူးနေတာကြောင့် ကြိုက်နှစ်သက်မိကြောင်းကိုလဲ ပြောထားပါတယ်။

MMA Fighter Kim Dong Hyung

တောင်ကိုးရီးယား ချန်ပီယံ MMA Fighter Kim Dong Hyung ကတော့ ပွဲတစ်ခုမှာ blackpink အဖွဲ့ရဲ့ sign ကိုရရှိခဲ့ပြီး ဖန်တစ်ယောက်ဖြစ်လာခဲ့တယ်လို့ တီဗွီအစီအစဉ်တစ်ခုမှာပြောကြားလာပါတယ်။

Simon D

Hip Hop artist တစ်ယောက်လဲ ဖြစ် aomg ရဲ့ CEO တစ်ယောက်လဲဖြစ်တဲ့ Simon D ဟာ blackpink ရဲ့ “Du Du Du” ကိုကြိုက်နှစ်သက်မိကြောင်း I Live Alone အစီအစဉ်မှာပြောကြားသွားပါတယ်။

Jay Park

Aomg ရဲ့ နောက်ထပ် CEO တစ်ဦးဖြစ်တဲ့ jay park က အကြိုက်ဆုံး gril group က blackpink နဲ့ Apink ဖြစ်ကြောင်း အစီအစဉ်တစ်ခုမှာပြောကြားခဲ့ပါတယ်။

Ezra Miller

ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင် Justice League ထဲက Berry allen ဟာ သူပထမဆုံးကြိုက်မိတဲ့ kpop group က blackpink ဖြစ်ပြီး အစီအစဉ်တစ်ခုမှာ blackpink လက်မှတ်ထိုးထားတဲ့ အယ်လ်ဘမ်ကို ရရှိခဲ့တဲ့အခါ အတိုင်းမသိဝမ်းသာမိကြောင်းပြောကြားသွားပါတယ်။

(ပိုပိုလေး)

 

 

 



Follow us on