1. Home
  2. Special or Others

ရုံမတင်ခင်ထဲက လက်မှတ်စျေးနှုန်း ဒေါ်လာ ၁ သောင်းထိဖြစ်သွားတဲ့ Avengers:ENDGAME

Special or Others เม.ย. 05, 2562 view 2,087
Marvel က ထုတ်လုပ်တဲ့ Avengers: Endgame ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားဟာ ရုံမတင်ရသေးမီမှာပဲ ရုပ်ရှင်လက်မှတ်စျေးနှုန်းဟာ အွန်လိုင်းပေါ်မှာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထိ ရောက်ရှိသွားပါတယ်။ Avengers:ENDGAME ရုပ်ရှင်လက်မှတ် ကြိုတင်ဝယ်ယူထားသူတွေက အွန်လိုင်းပေါ်ကနေ အရောင်းအဝယ်တွေ ဖြစ်နေကြပါတယ်။
 
 
ဒီရုပ်ရှင် ဇာတ်ကားဟာ ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရုံတင်ပြသမှာဖြစ်ပြီး ပထမဦးဆုံးပြသမယ့် ပွဲအတွက် လက်မှတ်မရလိုက်သူတွေက အွန်လိုင်းပေါ်မှာ လက်မှတ်တွေ အသည်းအသန်လိုက်ဝယ်နေတာကြောင့် လက်မှတ်စျေးနှုန်းတွေ အဆမတန် မြင့်မားသွားခဲ့ပါတယ်။
 
 
ဒါဟာ အမေရိကန်နိုင်ငံတစ်ခုထဲမှာတင်မဟုတ်ပဲ မလေးရှားနိုင်ငံမှာလည်း လက်မှတ်စျေးနှုန်းက ရင်းဂစ် ၇၀၀ ထိ မြင့်တက်သွားတာကို အွန်လိုင်း ရောင်းဝယ်ရေး ဝဘ်ဆိုက် Carousell မှာ မြင်တွေ့ရပါတယ်။
 
 
eBay ရောင်းဝယ်ရေး ဆိုက်မှာလည်း လက်မှတ်ခ ဒေါ်လာ ၅၀၀ ထိ မြင့်တက်နေတာကို မယုံနိုင်လောက်အောင် တွေ့ရမှာဖြစ်ပါတယ်။ 
 
 
Avengers ဇာတ်လမ်းတွေကတော့ Marvel က ဖန်တီးထားတဲ့ ဟီးရိုးဇာတ်ကောင်တွေ စုပေါင်းပြီး ဇာတ်လမ်းတွေ ဆက်တိုက်ရိုက်ကူးနေတာ ခုချိန်ထိ အောင်မြင်နေဆဲဖြစ်ပါတယ်။
 
 
ဒီလောက်တောင် အုံးအုံးကြွက်ကြွက် ဖြစ်နေတဲ့ Avengers:ENDGAME မြန်မာပြည်မှာ ရုံတင်ရင် ကြည့်ဖြစ်အောင် သွားကြည့်ကြဖို့ လက်တို့လိုက်ပါတယ်။
 
 


Follow us on