1. Home
  2. Health Fix

ကင်ဆာမဖြစ်ပွားစေဖို့ လုံးဝမသောက်သုံးသင့်တဲ့ အဖျော်ယမကာများ

Health Fix เม.ย. 05, 2562 view 1,692

ဓာတုဆေးဝါးတွေနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေ ယနေ့ခေတ်ကြီးမှာ တစ်စထက်တစ်စပိုများလာပါပြီ။ စားသောက်ကုန်တွေကိုပါ ဓာတုဆေးဝါးသုံးပြီး ထုတ်လုပ်လာကြပြီဖြစ်တဲ့အတွက် ကင်ဆာဆိုတာ လက်တစ်ကမ်းမှာရှိနေတယ်လို့တောင်ပြောလို့ရပါတယ်။ ဒီမှာ ပိုပိုလေးပရိတ်သတ်ကြီးအတွက် ကင်ဆာရောဂါမဖြစ်ပွားစေဖို့ လုံးဝမသောက်သင့်တဲ့ အဖျော်ယမကာတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ရေသန့်ဘူး

ပုံကိုကြည့်ပြီး ရေသန့်ဘူး မသောက်ရင်ဘာသောက်ရမလဲလို့ မိတ်ဆွေမေးခွန်းတွေထုတ်နေမိပြီလား? ရေသန့်ဘူးထဲက ရေကို ဘာလို့မသောက်သုံးသင့်တာလဲဆိုတာကိုပြောပြပါမယ်။ ရေသန့်ထည့်ထားတဲ့ ပလက်စတစ်ဘူး ဟာဓာတုနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ပလက်စတစ်ဘူးထဲ အကြာကြီးထည့်ထားတဲ့ရေကိုသောက်သုံးတာဟာ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ရေသန့်ဘူးတွေကိုလဲ တစ်ခါသုံးပြီးရင် လွှင့်ပစ်သင့်ပါတယ်။ ဘူးခွံအလွတ်တွေကို ရေအသစ်ဖြည့်ပြီးဆက်သုံးနေတာမျိုးတွေမလုပ်သင့်ပါဘူး။

၂။ အရက်

အရက်ကို ဆေးဖြစ်ဝါးဖြစ် တစ်နေ့တစ်ခွက်လောက်သောက်ရင်တော့ဘာမှမဖြစ်ပေမဲ့ အတိုင်းထက်အလွန်သောက်နေမယ်ဆိုရင်တော့ အသည်းကင်ဆာဖြစ်လာမှာဖြစ်ပါတယ်။

၃။ အားဖြည့်အချိုရည်များ

အားဖြည့်အချိုရည်တွေဟာ အရောင်ဆိုးဆေးတွေများစွာပါဝင်တဲ့အတွက် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။

၄။ ဆိုဒါ

ဆိုဒါမှာ သကြားဓာတ်များစွာပါဝင်ပြီး ဂတ်စ်လဲပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း ကင်ဆာမျိုးဖြစ်စေနိုင်ပါတယ်။

၅။ အပူချိန်မြင့်တဲ့ အရည်များ

အရမ်းပူနေတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့ကိုသောက်သုံးမိတာက လည်ချောင်းကင်ဆာဖြစ်လာစေနိုင်ပါတယ်။

၆။ Smoothies

များသောအားဖြင့် Smoothies အသီးဖျော်ရည်တွေဟာ အသီးတွေကို blender နဲ့ ရောပြီးကြိတ်လိုက်တာဖြစ်တဲ့အတွက် အသီးရဲ့ အမျှင်ဓာတ်ကို ကွယ်ပျောက်သွားစေပါတယ်။ ဒါ့အပြင် သကြားဓာတ်များစွာပါဝင်တာကြောင့် သွေးဖိအားတိုးတာမျိုးတွေဖြစ်ပေါ်စေပါတယ်။
 
ဒီလောက်ဆို မိတ်ဆွေတို့အနေနဲ့ ရှောင်ရှားသင့်တဲ့အဖျော်ယမကာတွေကို သိလောက်ပြီထင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့နေ့ရက်မျိုးတွေပိုင်ဆိုင်နိုင်ကြပါစေ။
 
(ပိုပိုလေး)

 



Follow us on