1. Home
  2. Movie Stars - Celebrity

ဟောင်ကောင်မှာ ဟန်ပြကုမ္ပဏီတစ်ခုဖွင့်လှစ်ပြီး အခွန်ရှောင်ထားတဲ့ Seungri

Movie Stars - Celebrity เม.ย. 08, 2562 view 1,667

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်အဖွဲ့ Big Bang မှ Seungri ဟာ လက်ရှိမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖြစ်ပွားစေမှု၊ မူးယစ်ရောင်းဝယ်ဖောက်ကားမှုတို့ နဲ့ ရဲထံမှာစစ်ဆေးခံနေရတာပဲဖြစ်ပါတယ်။ Seungri ဟာ Jung Joon Young ရဲ့ မုဒိန်းမှုမှာပါဝင်ပတ်သတ်နေသူတစ်ဦးလဲဖြစ်ပါတယ်။ Seungri ဟာ ပြစ်မှုများစွာ ကျူးလွန်ထားသူတစ်ဦးဖြစ်ပြီး ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းကို ရဲတပ်ဖွဲ့နဲ့ သတင်းဋ္ဌာနတွေက ပူးပေါင်းပြီးဆက်လက်စုံစမ်းလျက်ရှိရာ ဟောင်ကောင်မြို့မှာ BC Holdings အမည်ရှိတဲ့ ကုမ္ပဏီတစ်ခုဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်။

Seungri ဟာ BD Holdings ကို ၂၀၁၆ မှာ Yuri Holdings ရဲ့ပိုင်ရှင် Yoo In Suk နဲ့စပ်တူ ဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီ နာမည်ကို Ryu အမည်ရှိတဲ့လူနဲ့လက်တွဲခဲ့ပါတယ်။ Yoo In Suk ကတော့ သရုပ်ဆောင်မင်းသမီး Park Hanbyul ရဲ့ ခင်ပွန်းသည်ပဲဖြစ်ပါတယ်။ Yoo In Suk နဲ့ Seungri တို့ Ryu နဲ့လက်တွဲပြီးကုမ္ပဏီကို ကိုးရီးယားဝမ် တစ်ယောက် ၁ သောင်းခွဲစီထည့်ပြီး စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Seungri အမှုတွေကို ဖော်ထုတ်ခဲ့တဲ့ SBS သတင်းထောက်များဟာဟောင်ကောင်သို့ သွားရောက်ပြီး BC Holdings ကို လေ့လာခဲ့ကြရာ အမှန်တကယ်တည်ရှိမနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထိုနေရာမှာ BC Holdings ရှိရမယ့်အစား တောင်ကိုးရီးယား အခွန်ဋ္ဌာနပိုင်အဆောင်အအုံတစ်ခုသာရှိခဲ့တယ်လို့ ၈ နာရီသတင်းမှာဖော်ပြထားပါတယ်။ အဆောက်အဦးရှိ ဝန်ထမ်းတစ်ယောက်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ “ကျွန်တော်တို့လဲ ဘာကိုမှအတည်မပြုနိုင်သေးပါဘူး ကျွန်တော်တို့ ဧည့်သည်နဲ့ ပတ်သတ်တဲ့အကြောင်းကိုခွင့်ပြုချက်မပါပဲပြောခွင့်မရှိပါဘူး” လို့ပြောကြားထားပါတယ်။

SBS မှသတင်းထောက်များဟာ BC Holdings ရဲ့လိပ်စာဟောင်းကို စုံစမ်းပြီး သွားရောက်ခဲ့တဲ့အခါမှာတော့ ဝန်ထမ်းအချို့နဲ့တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သူတို့ဟာ ကုမ္ပဏီအတွက် အထွေအထူးအလုပ်ဆိုတာမျိုးမရှိကြောင်း၊ ဝန်ထမ်းတွေလဲ များများစားစားမရှိကြောင်း ပြောပြလာပါတယ်။ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သတင်းဋ္ဌာနက ဒါဟာ နောက်ကွယ်မှာတစ်ခုခုလုပ်တာကို ဖုံးကွယ်ထားဖို့ ဟန်ပြဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတစ်ခုလို့ ယူဆခဲ့ကြပါတယ်။

ဆက်လက်ပြီး ကုမ္ပဏီရဲ့ ဝင်ငွေကိုစုံစမ်းကြည့်တဲ့အခါမှာတော့ ၂၀၁၇ မှာ ကိုးရီးယားဝမ် (၃၀) ဘီလီယံ ရရှိဖို့ ရည်မှန်းထားပေမဲ့ (၁၀) ဘီလီယံဝမ်သာ ရရှိနိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး တောင်ကိုးရီးယား အခွန်ဋ္ဌာနကို နဲ့ ဟောင်ကောင် အခွန်ဋ္ဌာနကို သက်ဆိုင်ရာရဲများကဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

(ပိုပိုလေး)

 

 



Follow us on