တောင်ကိုးရီးယားနိုင်ငံ ဂန်ဝန်ဒိုအရပ်ဒေသမှာ ဧပြီလ (၅) ရက်နေ့ကတောမီးများစတင်လောင်ကျွမ်းခဲ့ပြီး လူနေအိမ်များပါ မီးထဲပါသွားခဲ့တာဖြစ်ပါတယ်။ ဂန်ဝန်ဒိုပြည်နယ်ဟာ တောတောင်တွေနဲ့ အနီးဆုံးတည်ရှိတဲ့အရပ်ဒေသဖြစ်ပြီး ခါတိုင်းနှစ်မှာလဲ ဒီလိုလောင်ကျွမ်းလေ့ရှိကြောင်း ဒေသခံပြည်သူတွေကပြောပါတယ်။
အရင်နှစ်တွေက နွေဦးကာလ အပူချိန်ပြင်းတဲ့အခါ တောမီးများလောင်ကျွမ်းလေ့ရှိပြီး သူ့အလိုလိုတောထဲမှာပဲ ငြိမ်းသတ်သွားလေ့ရှိပါ တယ်လို့ ဒေသခံတစ်ဦးကပြောကြားလာပါတယ်။ ဒီတစ်ခါတောမီးကတော့ ခါတိုင်းနှစ်နဲ့ မတူပဲ လေတိုက်နှုန်းပြင်းထန်တာကြောင့် တောမီးကမြို့ထဲထိကူးစက်လာတယ်လို့သိရပါတယ်။ တောမီးများဟာ တော်ရုံ နဲ့မငြိမ်းပဲ ရဟတ်ယာဉ်အသုံးပြုပြီး ရေဖြန်းခဲ့ရကြောင်း တောင်ကိုးရီးယား မီးသတ်ဋ္ဌာနမှ သတင်းထုတ်ပြန်လာပါတယ်။ လက်ရှိ မီးထဲပါသွားတဲ့ မြို့များကတော့ Gosung, Sok cho, Gangreung တို့ဖြစ်ပြီး အိမ်ခြေပေါင်း ၂၃၀ ၊ ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခု ပျက်ဆီးဆုံးရှုံးသွားကြောင်း သိရပါတယ်။
နိုင်ငံကျော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ယူဂျယ်ဆော့နဲ့ Suzy တို့ဟာ မီးဘေးသင့်ပြည်သူတွေအတွက် အလှူငွေပိုက်ဆံအသီးသီးလှူဒန်းခဲ့ကြပါတယ်။ အဆိုတော်၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Suzy က ကိုးရီးယားဝမ် သန်း ၁၀၀ တိတိလှူဒါန်းခဲ့ပြီး Running Man အဖွဲ့ဝင် ယူဂျယ်ဆော့ကတော့ ကိုးရီးယားဝမ် သန်း ၅၀ တိတိလှူဒါန်းခဲ့ပါတယ်။
ဂန်ဝန်ဒိုအရပ်က ပြည်သူတွေဟာမီးဘေးကြောင့်ဒဏ်ရာရရှိသူများလဲရှိနေပြီး အစိုးရကယ်ဆယ်ရေးအဖွဲ့များကအချိန်မှီကယ်တင်လိုက်နိုင်တာကြောင့် အသက်အန္တာရာယ်တော့ စိုးရိမ်စရာမရှိခဲ့ပါဘူး။ ဒါပေမဲ့ မီးဘေးသင့်ပြီး အိမ်ခြေရာမဲ့ ဖြစ်နေတဲ့ သူတို့ရဲ့ ဘဝတွေကို ပြန်လည်ထူထောင်နိုင်အောင် အစိုးရအဖွဲ့အစည်းနဲ့ အနုပညာရှင်တွေက တတ်နိုင်သလောက် ကူညီသွားမယ်လို့ သတင်းအတိအကျ ထုတ်ပြန်ထားပါတယ်။
(ပိုပိုလေး)