1. Home
  2. Movie Stars - Celebrity

ဘာဘီအရုပ်မလေးနဲ့တူလို့ ကော်ပတ်ရုပ်လေးလို့တင်စားခံနေရတဲ့ Loren Gray

Movie Stars - Celebrity เม.ย. 08, 2562 view 1,877

မိန်းကလေးတော်တော်များများဟာ ငယ်ငယ်တုန်းကကြီးလာရင် ဘာဘီအရုပ်မလေးလို ဖြစ်ချင်တယ် ဘာဘီလေးနဲ့တူချင်တယ်၊ ဘာဘီလိုသူငယ်ချင်းမျိုးရချင်တယ်ဆိုတဲ့ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဘာဘီကာတွန်းကားကလဲ ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တာကြောင့် barbie လို တူချင်တဲ့မိန်းကလေးတွေကလဲ များလာခဲ့ပါတယ်။ barbie နဲ့တူအောင် ခွဲစိတ်ပြုပြင်သူများလဲရှိလာကြပါတယ်။ ဒါပေမဲ့ အမေရိကန် ဟောလိဝုဒ်တက်သစ်စအဆိုတော်လေး Loren Gray ကတော့ barbie နဲ့ တူအောင် ခွဲစိတ်ပြုပြင်ထားခြင်းမရှိပဲ barbie နဲ့တူနေတဲ့ကောင်မလေးဆိုတာ ပရိတ်သတ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Loren Gray ဟာ ၂၀၀၂ ခုနှစ်ဖွားဖြစ်ပြီး အသက် ၁၆ နှစ်ပဲရှိပါသေးတယ်။ 2016 ခုနှစ်က အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး Teen Choice Award မှာ ဆန်ကာတင်စာရင်းပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်သာ ရှိသေးပေမယ့် သူမရဲ့ အောင်မြင်မှုကပေါ့သေးသေးမဟုတ်ပါဘူး။ အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၆ မီလီယမ် ရရှိထားပြီး blue mark ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

သူမဟာ Youtube မှာနာမည်ကြီးလာသူဖြစ်ပြီး ဘာဘီအရုပ်မလေးနဲ့တူတာကြောင့် လူတွေကစတင်ပြီး သတိထားမိလာပါတယ်။ သူမရဲ့ အင်စတာဂရမ်မှာတင်တဲ့ ပုံလေးတွေက ဘာဘီရဲ့ နေထိုင်မှုပုံစံလေးတွေကအစတူနေတာကြောင့် Loren ကိုသက်ရှိထင်ရှား ဘာဘီအရုပ်မလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ လက်ရှိမှာတော့ Barbie လို့တင်စားခေါ်ဝေါ်နေကြတဲ့ Loren ဟာ သီချင်းတွေသီဆိုပြီး အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပြီပဲဖြစ်ပါတယ်။ သူမရဲ့ နာမည်ကြီး သီချင်းတွေကတော့ Queen, My Story , Kick you out, Anti- Everything တို့ပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ Barbie လို့တင်စားခေါ်ဝေါ်ကြတဲ့ Loren Gray ဟာ တကယ်ပဲ Barbie အရုပ်မလေးနဲ့ တူတယ်လို့မထင်မိဘူးလား?

(ပိုပိုလေး)



Follow us on