1. Home
  2. Movie Stars - Celebrity

ဘရာစီယာမဝတ်ပဲ Live လွှင့်ခဲ့လို့ ပရိတ်သတ်တွေဆီက ဝေဖန်သံကိုခံနေရတဲ့ Sulli

Movie Stars - Celebrity เม.ย. 09, 2562 view 2,218

တစ်ချိန်က နာမည်ကြီး Kpop အဖွဲ့ F(x) အဖွဲ့ဝင်ဟောင်း Sulli ဟာ 2015 မှာအဖွဲ့မှထွက်ပြီး တစ်ကိုယ်တော် အဖြစ်ရပ်တည်ခဲ့ပါတယ်။ Sulli ဟာ ကလေးဘဝကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အနုပညာသက်တမ်းက တော်တော်ကြာနေပြီလို့ပြောလို့ရပါတယ်။ Sulli ဟာ အဖွဲ့ကထွက်ပြီးကတည်းက သူမရဲ့ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ အင်စတာဂရမ်အကောင့်မှာ ထင်တိုင်းကြဲလာခဲ့ပါတယ်။

အရင်တုန်းက Sulli ကိုပရိတ်သတ်များက ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်လို့ မြင်ခဲ့ကြပေမယ့် သူမက ပရိတ်သတ်ထင်သလို အပြစ်ကင်းစင်တဲ့ ကလေးမလေးမဟုတ်ကြောင်း ရှေ့လျှောက် သူမကြိုက်သလိုနေတော့မည်ဖြစ်ကြောင်းပြောခဲ့ပါသေးတယ်။ Sulli ဟာ အင်စတာဂရမ်မှာ ဘရာဇီယာမဝတ်ပဲ အပြင်ကို သွားရောက်လည်ပတ်ခဲ့ပုံတွေကို တင်ခဲ့ပါတယ်။ ပရိတ်သတ်တွေက Sulli ကို ချစ်ဖို့ကောင်းတဲ့ ကလေးမလေး Sulli ကဘယ်ရောက်သွားပြီလဲ ဆိုပြီးပြောခဲ့ကြပါတယ်။ ဒါပေမဲ့ Sulli ကတော့ ဘရာစီယာမဝတ်ပဲ နေရတဲ့ ဖီလင်ကိုအရမ်းကြိုက်လို့ ဘာမှလာမပြောကြဖို့ ပြောခဲ့ပါတယ်။

Sulli ဟာယောင်္ကျားလေး မိတ်ဆွေအပေါင်းအသင်းများသူတစ်ဦးဖြစ်တဲ့ အတွက် ပရိတ်သတ်တွေက စိတ်ပူပြီး Sulli ကို ကွန်မန့်တွေမှာ ဝိုင်းဝန်းသတိပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Sulli က အင်စတာဂရမ်မှာ live လွှင့်ပြီးဖြေရှင်းခဲ့ပါတယ်။ live လွှင့်ပြီးဖြေရှင်းနေတဲ့အချိန်မှာ Sulli ဟာ အရက်မူးနေခဲ့တာပါ။

သူမ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အရက်သောက်နေတဲ့ အရက်ဆိုင်မှာ live လွှင့်ခဲ့တာဖြစ်ပြီး “ဘရာစီယာ မဝတ်တာဘာဖြစ်လို့ ဘာအကြောင်းအရင်းရှိလို့လဲ ဟုတ်လား ၊ ဘာအကြောင်းမှမရှိဘူး မဝတ်ချင်လို့ မဝတ်တာ”လို့ပြောကြားခဲ့ပါတယ်။ ထပ်မံပြီး ပရိတ်သတ်တစ်ဦးက စိတ်ပူလို့ပါ အခုလဲ အနားမှာ ယောင်္ကျားလေးတွေ ပါတယ်မဟုတ်လားလို့ မန့်တဲ့အခါ Sulli က “ကျွန်မကို စိတ်ပူဖို့မလိုပါဘူး စိတ်ပူတာကိုအကြောင်းပြပြီး ကျွန်မရင်သားကို လာကြည့်နေတဲ့လူတွေကိုတော့သိပ်ကြည့်မရဘူး” လို့ပြောကြားခဲ့ပါတယ်။

အဆိုပါ live ဗွီဒီယိုထဲမှာ Sulli ဟာအရမ်းမူးနေပုံပေါက်ပြီး သူ့ဘေးမှာရှိတဲ့သူငယ်ချင်းမိန်းကလေးကလဲ သူ့ကိုအားပေးအားမြှောက်လုပ်ပေးနေသလိုပုံစံပါ။ Sulli တစ်ယောက်အပေါင်းအသင်းမှားလို့ဒီလိုတွေ ဖြစ်နေတာလားလို့ ပရိတ်သတ်တွေကတော့ အရင်ကထပ်ပိုပြီး စိုးရိမ်နေကြပါတယ်။

(ပိုပိုလေး)

 

 



Follow us on