1. Home
  2. Special or Others

ငါးပြတိုက်တွင် ရေငုတ်သင်ယူနေစဉ် အမျိုးသမီးတစ်ဦး ငါးမန်းကိုက်ခံရ

Special or Others เม.ย. 09, 2562 view 1,632
တရုပ်နိုင်ငံတောင်ပိုင်း ဒါလီယန်မြို့မှာရှိတဲ့ လာအိုဟူတန်ငါးပြတိုက်မှာ ရေငုတ်သင်တန်း တက်နေသော အမျိုးသမီးတစ်ဦးကို ငါးမန်းကျား တစ်ကောင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အရေးပေါ် ဆေးရုံတင်ခဲ့ရပြီး လေးနာရီကြာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။
 
 
ရေငုတ်သင်တန်းကို ငါးပြတိုက်မှာရှိတဲ့ ငမန်းကျား(ငမန်းဖြူမျိုးကွဲ) ထားရာ ရေလှောင်အိမ်ကြီးထဲတွင် သင်တန်းပေးခဲ့ခြင်းဖြစ်သည်။ “နာနာ” အမည်ရအမျိုးသမီး ရေငုတ်သင်ယူစဉ် ဦးခေါင်းနဲ့ လက်ကို ငမန်းကိုက်ခံခဲ့ရတာဖြစ်ပါတယ်။
 
 
ငမန်းကိုက်ခံရမှုကြောင့် သူမရဲ့ မျက်နှာနဲ့ ဦးခေါင်းနောက်စေ့မှာ ဟက်တက်ကွဲဒဏ်ရာတွေ ပြင်းထန်စွာရရှိခဲ့ပါတယ်။
 
 
“နာနာ” ဟာ အခြေခံရေငုတ်သင်တန်းအတွက် ဒေါ်လာ ၅၃၀ ကျော်ပေးခဲ့ရပါတယ်။ ယခခုဖြစ်စဉ်အတွက် ရေငုတ်စီစဉ်တဲ့ သင်တန်းဆရာက သူမအတွက် ဆေးကုသမှု ကုန်ကျစရိတ်တွေအားလုံး တာဝန်ယူမယ်လို့ ဆိုပါတယ်။
 
 
ငမန်းကျား အမျိုးအစားဟာ ဂျပန်၊ သြစတြေးလျ၊ တောင်အာဖရိက၊ မြေထဲပင်လယ် နဲ့ အမေရိကန်ကမ်းခြေ ရေပြင်တို့မှာ နေထိုင်ကျက်စားတဲ့ သတ္တဝါဖြစ်ပြီး အန္တရာယ်ကြီးမားတဲ့ ငမန်းဖြူရဲ့ အနွယ်ဝင်ဖြစ်ကြောင်း သိရှိရသည်။


Follow us on