1. Home
  2. Movie Stars - Celebrity

စစ်မှုထမ်းဖို့ ရက်အတိအကျ ထွက်လာပြီဖြစ်တဲ့ Park Hyung Sik

Movie Stars - Celebrity เม.ย. 09, 2562 view 1,553

တောင်ကိုးရီးယားနိုင်ငံ များပြားလှတဲ့တော့ပ်စတားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Park Hyung Sik ဟာ တောင်ကိုးရီးယားနိုင်ငံ အသက် (၁၈) နှစ်မှ (၃၀) အတွင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေအရ မကြာခင်အချိန်အတွင်းမှာအမှုထမ်းရတော့မှာဖြစ်ပါတယ်။

Park Hyung Sik ကိုတော့ အားလုံးချစ်ကြတဲ့ မင်မင်နဲ့ ဘုံဘုံ (Strong Woman Do Bong Son) ဇာတ်ကားထဲက မင်မင်လို့ပြောရင်အားလုံးသိကြမယ်ထင်ပါတယ်။ မင်မင်တစ်ယောက် စစ်မှုထမ်းတော့မယ်ဆိုတော့ ပရိတ်သတ်တွေလွမ်းနေရတော့မှာပေါ့နော်။

ပရိတ်သတ်ကြီး မင်မင်လို့ သိကြတဲ့ Park Hyung Sik ဟာ ၂၀၁၉ မှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပါတယ်။ စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရမယ့်ပြည်သူဟာ အနည်းဆုံး (၂) နှစ်မှ (၃) နှစ်ကာလကြာသည့်တိုင်အောင်စစ်မှုထမ်းရမှာဖြစ်ပါတယ်။ Park Hyung Sik ကို မြို့တော်ကာကွယ်စောင့်ရှောက်ရေးစစ်တပ်မှာ အမှုထမ်းဆောင်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

Park Hyung Sik ရဲ့ အေဂျင်စီ United Artists Agency မှ “Park Hyung Sik ကို မြို့တော်ကာကွယ်စောင့်ရှောက်ရေးတပ်မှ အမှုထမ်းဆောင်ဖို့ အမိန့်ထုတ်ပြန်ခြင်းမှအမှန်အကန်ဖြစ်ပါတယ်၊ လာမယ့် ဧပြီလ ၄ ရက်နေ့ အင်တာဗျူးမှာ သူလက်ခံတယ်လို့ ပြောရင် ဇွန်လ ၁၀ ရက်နေ့မှာစစ်မှုထမ်းဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Park Hyun Sik ဟာ စစ်တပ်မှာအမှုထမ်းဖို့ တောင်းဆိုမှုကို လက်ခံမယ်ဆိုရင် လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာစတင်အမှုထမ်းရတော့မှာ ဖြစ်ပြီး ပရိတ်သတ်ရှေ့ကနေ အချိန်ကာလ တစ်ခုအထိ ကွယ်ပျောက်သွားဦးမှာပါ။ ပရိတ်သတ်ကြီးရေ မင်မင် စစ်ထဲ ဝင်သွားလဲ မင်မင့်ကို သတိရနေမယ်မဟုတ်လား?

(ပိုပိုလေး)



Follow us on