1. Home
  2. Movie Stars - Celebrity

Youtube ရာဇဝင်မှာ ဘယ်သူနဲ့မှမတူအောင်အမြန်ဆုံးစံချိန်ချိုးနိုင်လိုက်တဲ့ Blackpink

Movie Stars - Celebrity เม.ย. 09, 2562 view 1,480

တောင်ကိုးရီးယား နာမည်ကြီး kpop group ဖြစ်တဲ့ blackpink ဟာဆိုရင် အရှေ့အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေထိပါ နာမည်ကြီးလာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Blackpink အဖွဲ့မှာ ကောင်မလေး (၄) ယောက်သာပါဝင်ပြီး သူမတို့တစ်ဦးချင်းစီမှာပါဝင်တဲ့ မတူတဲ့ talent တွေကြောင့် သူများနဲ့မတူ ကွဲပြားတဲ့ သီချင်းပုံစံလေးတွေပေါ်ထွက်လာတာပဲဖြစ်ပါတယ်။

Blackpink ဟာလတ်တလောထွက်ရှိထားတဲ့ kill this love သီချင်း ဗွီဒီယိုနဲ့ Youtube မှာ ၂၄ နာရီအတွင်း ကြည့်ရှုသူ ၅၆.၇ မီလီယမ် ရရှိထားပါတယ်။ ဒါဟာ youtube သမိုင်းတစ်လျှောက်မှာ အမြန်ဆုံးရရှိထားတဲ့ စံချိန်နှုန်းထားဖြစ်ပါတယ်။ blackpink မတိုင်မီ youtube မှာ အမြန်ဆုံး ကြည့်ရှုသူအများအပြားရရှိထားတဲ့ ဗွီဒီယိုကတော့ Ariana Grande ရဲ့ Thanks you,next ပဲဖြစ်ပါတယ်။ Thank you,next ကတော့ ၂၄ နာရီအတွင်း ကြည့်ရှုသူ ၅၅.၄ မီလီယမ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ blackpink မတိုင်မီ ထွက်ရှိခဲ့တဲ့ အမြန်ဆုံးနဲ့ ကြည့်ရှုသူအများဆုံး စံချိန်နှုန်းထားပဲဖြစ်ပါတယ်။

Kpop ရဲ့လွှမ်းမိုးမှုဟာ အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိပါ ရောက်ရှိနေပြီဖြစ်ကြောင်း blackpink ကသက်သေပြလိုက်တာပါပဲ။  kill this love သီချင်းနဲ့မှမဟုတ်ပါဘူး ဒီရှေ့မှာထွက်ရှိခဲ့တဲ့ “Du Du Du” သီချင်းနဲ့လဲ kpop သမိုင်းတစ်လျှောက် youtube မှာကြည့်ရှုသူအများဆုံးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ “Du Du Du” သီချင်းကြည့်ရှုသူသန်းပေါင်း (၇၀၀) ကျော်နေပြီပဲဖြစ်ပါတယ်။

 Blackpink အေဂျင်စီဖြစ်တဲ့ YG entertainment ဟာလက်ရှိမှာ အခွန်ရှောင်ပြီး club တွေမှာ ရှယ်ယာပါဝင်ထားမှုနဲ့စစ်ဆေးခံနေရတာကြောင့် ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ အတိုင်းမသိကျဆင်းနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ blackpink အသစ်ထွက်လာတဲ့သီချင်း kill this love ကြောင့် ကုမ္ပဏီရှယ်ယာဈေးအနည်းငယ်ပြန်တက်လာပြီး အဖတ်ဆယ်ကယ်တင်နိုင်ခဲ့ပါတယ်။

(ပိုပိုလေး)

 



Follow us on