1. Home
  2. Movie Stars - Celebrity

ချစ်သူဆရာဝန်မလေးနဲ့လက်ထပ်တော့မယ့်အကြောင်းအသိပေးလိုက်တဲ့ ဂျိုဂျင်းမို

Movie Stars - Celebrity เม.ย. 09, 2562 view 1,471

ဂျိုဂျင်းမို ကိုတော့ပရိတ်သတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ “ပေါင်နှစ်ရာ ကိုယ့်ချစ်သူ” “လောကဓံအတွက် လက်သီးတစ်ချက်” ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့တာပါနော်။ လောကဓံအတွက်လက်သီးတစ်ချက်ဆိုရင် အက်မင်တို့ ငယ်ငယ်ကတည်းက မြန်မာ့အသံ၊ မြဝတီတို့ မှာ ည (၇)နာရီ ကားအနေနဲ့ ပြသတာကို စောင့်ကြည့်ခဲ့ရတာတွေ မှတ်မိပါသေးတယ်။

ဧပြီလ ၉ ရက်နေ့မှာ အသက် (၄၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး ဂျိုဂျင်းမိုဟာ မကြာမီ လက်ထပ်တော့မယ့်အကြောင်း အေဂျင်စီကနေတစ်ဆင့်ပရိတ်သတ်တွေကို အသိပေးကြေငြာလိုက်ပါပြီ။ ဂျိုဂျင်းမိုဟာ Min Hye Yeon အမည်ရှိတဲ့ မိန်းကလေးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး လာမယ့် ဇွန်လပိုင်းမှာ လက်ထပ်တော့မယ်လို့သိရပါတယ်။

မင်္ဂလာပွဲကို သာမန်ရိုးရိုးရှင်းရှင်းလေး ကျင်းပဖို့စီစဉ်ထားပြီး ဂျယ်ဂျူကျွန်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကျင်းပမယ့်နေရာလဲ သိရပြီဆိုတော့ ဂျိုဂျင်းမိုရဲ့ ဇနီးလောင်းလေးအကြောင်းလဲ မိတ်ဆက်ပေးပါရစေ။ Min Hye Yeon အမည်ရတဲ့ သူမဟာ အသက် (၃၅) နှစ်ရှိပြီဖြစ်ပြီး ဂျိုဂျင်းမိုနဲ့ အသက် (၁၀) နှစ်တိတိကွာပါတယ်။

သူမဟာ ဆိုးလ်အမျိုးသား တက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး ကျန်းမာရေးတီဗွီအစီအစဉ်တွေမှာ မကြာခဏ ပါဝင်လေ့ရှိသူတစ်ဦးပါ။ သူမရဲ့ လှပတဲ့ ပုံပန်းသဏ္ဍန်ကြောင့် အများပြည်သူ သတိထားမိနေသူတစ်ဦးဆိုလဲမမှားပါဘူး။  အများပြည်သူ ချစ်တဲ့ မင်းသားနဲ့ လူအများချစ်ခင်တဲ့ ဆရာဝန်မလေးတို့ဟာ နေနဲ့လရွှေနဲ့မြ လိုက်ဖက်လို့နေမှာပါပဲ။

ပရိတ်သတ်များကတော့ ဂျိုဂျင်းမိုနဲ့ ဒေါက်တာမလေးတို့စုံတွဲကို ကောင်းချီးပေးနေကြပါတယ်။ ^^

(ပိုပိုလေး)



Follow us on