1. Home
  2. Movie Stars - Celebrity

ဂန်ဝန်ဒို မီးဘေးသင့်ပြည်သူတွေအတွက်လှူဒါန်းရာ အပုပ်ချခံနေရတဲ့ IU

Movie Stars - Celebrity เม.ย. 10, 2562 view 1,492

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က တောင်ကိုးရီးယားနိုင်ငံ ဂန်ဝန်ဒိုပြည်နယ်ရှိ မြို့နယ်အချို့ဟာ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့ပါတယ်။ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံပြည်သူတွေအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီသွားမည်ဖြစ်ကြောင်း သမ္မတရုံးမှ သတင်းအတိအကျထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး အနုပညာရှင်များကလဲ နစ်နာဆုံးရှုံးသူပြည်သူတွေအတွက် လှူဒါန်းမှုမျိုးတွေ ပြုလုပ်လာကြပြီး အဆိုတော် , သရုပ်ဆောင် IU ဟာလဲတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

IU ဟာပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က Green Umbrella Child Fund Korea ကနေတစ်ဆင့် မီးဘေးသင့်ပြည်သူတွေအတွက် ဝမ် သန်း(၁၀၀) တိတိ လှူဒါန်းခဲ့ပါတယ်။ IU လှူဒါန်းလိုက်တဲ့ Green Umbrella Child Fund Korea ဟာ ကလေးသူငယ် ပညာရေးဆိုင်ရာ ဖောင်ဒေးရှင်းအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒါဟာ တောင်တွေမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေနဲ့ မဆိုင်ဘူး၊ အဓိကနစ်နာတာက ကလေးတွေပဲမဟုတ်ဘူး၊ နေအိမ်ဆုံးရှုံးသွားတဲ့ ပြည်သူတွေ IU ဟာ တလွဲဆံပင်ကောင်းနေတယ်၊ သူလှူလိုက်ပေမယ့် တကယ်အခက်အခဲရှိသူတွေဆီ ပိုက်ဆံက ရောက်မှာမဟုတ်ဘူးဆိုပြီး ဆိုရှယ်မီဒီယာတွေမှာပြောလာကြပါတယ်။

တချို့ကလဲ Green Umbrella Child Fund Korea ဟာ IU စပွန်ဆာပေးထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အဆိုပါအဖွဲ့အစည်းကနေတစ်ဆင့်လှူဒါန်းတာဟာ အဖွဲ့ကို လူပိုသိစေလိုတဲ့ရည်ရွယ်ချက်နဲ့လားဆိုပြီး ပြောလာကြပါတယ်။

ဒီကိစ္စအွန်လိုင်းမှာ ပြန့်လာပြီးနောက် Green Umbrella ရဲ့ ကိုယ်စားလှယ်တစ်ဦးက ရှင်းလင်းချက်ထုတ်ပြန်လာပါတယ်။ “ကျွန်တော်တို့ အဖွဲ့အစည်းက IU စပွန်ဆာပေးထားတာမှန်တယ်ဆိုပေမယ့် အခုငွေလှူတဲ့ ကိစ္စနဲ့တော့ ဘာမှသက်ဆိုင်မှုမရှိကြောင်းပြောပါရစေ၊ လက်ရှိ သဘာဝဘေးအန္တရာယ်ကြောင့် ကျဉ်းထဲ ကြပ်တဲ့ ကျရောက်နေတဲ့ ပြည်သူတွေကို ကျွန်တော်တို့အဖွဲ့အစည်းက တတ်နိုင်သလောက် ကူညီဖို့အစီအစဉ်ရှိပါတယ်။ IU မှမဟုတ်ပါဘူး တခြားစပွန်ဆာတွေ လဲအများကြီးလာရောက်လှူဒါန်းထားပါတယ်။ ဒီလို လူများတကာ လှူဒါန်းပြီး ကုသိုလ်ယူနေတာကို အကောင်းမမြင်ပေးနိုင်တဲ့ ဆိုရှယ်မီဒီယာမှာ negative တွေပြောနေတဲ့ ခင်ဗျားတို့ကြောင့်ကျွန်တော်တို့ အမှန်တကယ်သွားရောက်လှူဒါန်းရင် အခက်အခဲတွေရှိလာနိုင်ပါတယ်။ မီးဘေးသင့် ပြည်သူတွေအတွက် အကျိုးရှိအောင် အတူပူးပေါင်းဆောင်ရွက်လိုက်ကြရအောင်ဗျာ” ဆိုပြီး ပြောကြားလာပါတယ်။

အခုလို အထင်လွဲမှုဖြေရှင်းအပြီး ကိုးရီးယားပြည်သူတွေရော နိုင်ငံတကာက IU ပရိတ်သတ်တွေပါ စိတ်ထဲရှင်းလင်းသွားကြစေဖို့မျှော်လင့်မိပါတယ်။ ^^

(ပိုပိုလေး)



Follow us on