Avengers ရုပ်ရှင်စီးရီးမှ Black Widow အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Scarlet Johansson ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က ပါပါရာဇီလူတစ်စုရဲ့ အပြင်းအထန် လိုက်နှောင့်ယှက်တာကိုခံခဲ့ရပါတယ်။ Scarlett ဟာ နာမည်ကြီးတီဗွီရှိုးတစ်ခုဖြစ်တဲ့ Jimmy Kimmel Live မှာ ကျန်တဲ့ Avengers အဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ဖို့ သွားရောက်ရာက အပြန်မှာ နှောင့်ယှက်ခံခဲ့ရတာဖြစ်ပါတယ်။
Scarlett တစ်ယောက် Jimmy Kimmel Live ရိုက်ကူးရာ စတူဒီယိုမှအပြန် ဝတ်စုံနက် ဆင်တူဝတ်ထားတဲ့ လူတစ်စုဟာ ကား(၅) စီးနဲ့ သူမကားနောက်ကို ထပ်ကြပ်မကွာလိုက်ပြီး နှောင့်ယှက်ခဲ့တာဖြစ်ပါတယ်။ Scarlet ဟာဒီလို လူအများကြီး သူမနောက်ကို လိုက်လာတာမြင်တော့ အထိတ်တလန့်ဖြစ်ပြီး ဒေါသထွက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါလူစုကို ရဲစခန်းမှာအမှုဖွင့်ထားပြီဖြစ်ပြီး သွားလေရာ ဘော်ဒီဂတ်ခေါ်သွားရတဲ့ Scarlet ရယ်ပါ။
ရဲစခန်းမှ Scarlett နောက်လိုက်တဲ့ လူအုပ်အကြောင်းစုံစမ်းကြည့်တဲ့အခါမှာတော့ သူတို့ဟာ သာမန် သတင်းလိုချင်တဲ့ပါပါရာဇီတွေသာဖြစ်ကြောင်းသိလိုက်ရပါတယ်။ Scarlet ရဲ့ နေ့စဉ်လူနေမှုဘဝနဲ့၊ သမီးဖြစ်သူအကြောင်းကို သိချင်လို့ပါပါရာဇီတွေက နောက်ကနေလိုက်ရတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
Scarlett ဘက်ကတော့ ဒီကိစ္စကို လုံးဝကျေနပ်ပုံမပေါ်ပါဘူး။ တတ်နိုင်သမျှထိရောက်စွာအရေးယူသွားမယ်လို့ ပြောကြားလာပါတယ်။
(ပိုပိုလေး)