1. Home
  2. Movie Stars - Celebrity

ဂန်ဝန်ဒိုမီးဘေးသင့်ပြည်သူတွေကို ပိုက်ဆံလှူတာနည်းလို့ဝေဖန်ခံရတဲ့ ယူဂျယ်ဆော့

Movie Stars - Celebrity เม.ย. 11, 2562 view 1,509

တောင်ကိုးရီးယားနိုင်ငံ ဂန်ဝန်ဒိုပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်ခြေပေါင်းရာချီ မီးထဲပါသွားခဲ့ပြီး ဒေသခံပြည်သူများအနေနဲ့ အိမ်ခြေရာမဲ့ ဖြစ်သွားခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဆုံးရှုံးမှုနဲ့ ပတ်သတ်ပြီးအစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကတာဝန်ယူဖြေရှင်းသွားမယ်လို့ သမ္မတအိမ်ပြာတော်မှ သတင်းထုတ်ပြန်ထားပါတယ်။

ဂန်ဝန်ဒိုပြည်နယ် တစ်ဝန်း ပျက်ဆီးမှုအများဆုံး ဆော့ချိုမြို့ဖြစ်ပြီး အနုပညာရှင်တော်တော်များများဟာ သူတို့တတ်အားသလောက် ငွေအင်အားတွေနဲ့ လှူဒါန်းခဲ့ကြပါတယ်။ ထိုအထဲကမှ Running Man အဖွဲ့ဝင် ယူဂျယ်ဆော့လဲ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ယူဂျယ်ဆော့ဟာ တောင်ကိုးရီးယားရဲ့ Nation’s MC လို့တင်စားခေါ်ဝေါ်ခံရသူတစ်ဦးဖြစ်ပြီး ပြည်သူချစ်တဲ့ ဟာသ ပညာရှင် တစ်ဦးဆိုလဲမမှားပါဘူး။

ယူဂျယ်ဆော့ဟာ ဆော့ချိုမြို့ကပြည်သူတွေအတွက် ဝမ် သန်း(၅၀)လှူဒါန်းခဲ့ပါတယ်။ ယူဂျယ်ဆော့ ဝမ် သန်း(၅၀) လှူဒါန်းတဲ့ပေါ် ကိုးရီးယားပြည်သူတွေက မကျေနပ်ခဲ့ကြပါဘူး ၊ ယူဂျယ်ဆော့လို တော့ပ်စတားတစ်ယောက်က ဒီထက်ပိုပြီး လှူသင့်တယ်ဆိုပြီး အဆိုဘက်ကပြောလာကြပါတယ်။ “Suzy , IU , Shin Ae ra, Cha In Phyo, Lee Byun Hun, Lee Min Jung တို့တောင် တစ်ယောက်ကို သန်း(၁၀၀) လှူကြတယ်၊ ယူဂျယ်ဆော့ကိုတော့စိတ်ပျက်မိတယ်၊ ဘာလို့လဲ infinity challenge ရိုက်ကူးတာပြီးသွားလို့ သူ့မှာပိုက်ဆံမရှိတော့ဘူးလား?”  ဆိုပြီး ပရိတ်သတ်တစ်ယောက်က ရေးသားထားပါတယ်။

“ယူဂျယ်ဆော့လို လူမျိုးက အနည်းဆုံး သန်း(၂၀၀) လောက်လှူမယ်လို့တော့ထင်ခဲ့တာ ခုတော့စိတ်ပျက်စရာပဲ” လို့ ပရိတ်သတ်တစ်ဦးကရေးသားလာပါတယ်။  “သန်း (၅၀) ဟုတ်လား? အနည်းဆုံးတော့ ခင်ဗျားလိုလူက သန်း (၁၀၀၀) လောက်တောင်လှူသင့်တာမဟုတ်ဘူးလား?”

“သန်း(၅၀၀) လောက်လှူသင့်တာ၊ သန်း(၅၀) လောက်နဲ့ မီးဘေးသင့်ပြည်သူတွေကိုကယ်တင်နိုင်မယ်လို့ထင်လား? စိတ်ကောင်းကောင်းထားစမ်းပါ ခင်ဗျားဘယ်လောက်ချမ်းသာလဲဆိုတာ လူတိုင်းသိတယ်” ဆိုပြီး အစရှိသဖြင့် ပြောဆိုရေးသားထားကြပါတယ်။

ယူဂျယ်ဆော့ဟာ တောင်ကိုးရီးယားနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အနုပညာရှင်တွေထဲမှာ သဒ္ဓါတရားထက်သန်သူတစ်ဦးပါ။ ပြီးခဲ့တဲ့လကမှ single mothers တွေကို ထောက်ပံ့ဖို့ သန်း(၅၀) လှူဒါန်းခဲ့ပြီး လွန်ခဲ့တဲ့ (၆)နှစ်ကျော်ကာလအပိုင်းအခြားလောက်ကလဲ ဝမ် သန်း(၃၈၀) လှူဒါန်းထားပါတယ်။

ဒါဟာ သူလှူဒါန်းခဲ့တဲ့ အများဆုံးငွေပမာဏကိုသာဖော်ပြထားခြင်းပါ။ ယူဂျယ်ဆော့ လှူဒါန်းထားတာတွေက လက်ချိုးမရေနိုင်အောင် များပြားလွန်းလှပါတယ်။ ဒါပေမဲ့ ဂန်ဝန်ဒို မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းမှပဲ ယူဂျယ်ဆော့တစ်ယောက် တခြား နာမည်ကြီးဆယ်လီတွေနဲ့ နှိုင်းယှဉ်ခံရပြီး မကောင်းပြောခံနေရတာပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 



Follow us on