Waikiki Season 1 မှသရုပ်ဆောင် Son Seung Won ဟာ အရက်သောက်ပြီး ကားမောင်းမှုနဲ့ ထောင် (၁၈) လအကျဉ်းချမှတ်ခံလိုက်ရပါတယ်။ တောင်ကိုးရီးယားနိုင်ငံ သတ်မှတ်ထားတဲ့ ဥပဒေအရ အရက်မူးပြီးကားမောင်းသူ ဟာ ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် ၊ ဒဏ်ငွေ ၁၀ သန်း မှ သန်း(၃၀) ကြားပေးဆောင်ရမှာဖြစ်ပါတယ်။ အရက်မူးပြီးကားမောင်းကာ တခြားသူတစ်ဦးကို ထိခိုက်မိတယ်ဆိုရင်တော့ ထောင်ဒဏ် ၃၀ နှင့် ဒဏ်ကြေးငွေ သန်း(၃၀) ပေးဆောင်ရမှာပဲဖြစ်ပါတယ်။
သရုပ်ဆောင် Son Seung Won ဟာပြီးခဲ့ ၂၀၁၈ သြဂုတ်လမှာမူးပြီးကားမောင်းတဲ့အတွက် ရဲစခန်းသို့ရောက်ရှိခဲ့ပြီး သတိပေးခံခဲ့ရပါတယ်။ Son Seung Won ဟာဒါကိုအမှတ်မထားပဲ နောက်တစ်ကြိမ် မူးပြီးကားမောင်းတဲ့အခါမှာ လူနှစ်ယောက်ကို တိုက်မိခဲ့ပြီး ဒဏ်ရာရရှိစေခဲ့ပါတယ်။ ကားတိုက်ပြီးထွက်ပြေးဖို့ ကြိုးစားတဲ့အချိန်မှာ တခြားကားတွေကသူ့ကို ပိတ်ရပ်လိုက်တဲ့အတွက် ထွက်ပြေးဖို့အခွင့်မသာပဲ ရဲလက်မှာအဖမ်းခံခဲ့ရပါတယ်။
တရားရုံး ထုတ်ပြန်ချက်အရ Son Seung Won ဟာ ကားတိုက်ထွက်ပြေးခဲ့ပေမယ့် သူမှားကြောင်းဝန်ခံတာကြောင့် အပြစ်လျော့ပေါ့သွားတာဖြစ်ပါတယ်။ Son Seung Won ကားနဲ့တိုက်ခဲ့တဲ့လူနှစ်ယောက်ဟာ ဆေးကုသမှုခံယူပြီး အကောင်းပကတိအတိုင်းပြန်ဖြစ်သွားပြီဖြစ်လို့ ကျေအေးပေးလိုက်တဲ့အတွက်ကြောင့် ထောင်ဒဏ်ချမှတ်တဲ့ အချိန်အပိုင်းအခြား လျော့နည်းသွားတာဖြစ်ပါတယ်။
ဆက်လက်ပြီး တရားရုံးမှ မူးပြီးကားမောင်းတာဟာ ကားမောင်းသူကိုသာမက အတိုက်ခံရသူကိုပါ ထိခိုက်နစ်နာစေတာဖြစ်ပြီး မည်သူကိုမှ ကောင်းကျိုးမပေးတာဖြစ်တဲ့အတွက် ကြီးမားတဲ့ပြစ်မှုတစ်ခုဖြစ်တယ်၊ နောက်လူတွေကိုလဲ သတိထားစေချင်လို့ဒီလို ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်တယ် လို့ ထုတ်ပြန်လာပါတယ်။
(ပိုပိုလေး)