1. Home
  2. Special or Others

အိမ်မွေးခွေးမလေးကို အသက်ဆုံးသည်ထိ အဓ္ဓမပြုကျင့်ခဲ့သူ ထောင်ဒဏ်ကျခံရ

Special or Others เม.ย. 11, 2562 view 1,896
အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ နေအိမ်တွင် တစ်ယောက်ထဲ ကျန်ခဲ့စဉ် သူရဲ့ဇနီးလောင်းဖြစ်သူ မွေးထားတဲ့ အချစ်တော် ခွေးမလေးကို အဓ္ဓမပြုကျင့်ခဲ့တာကြောင့် ခွေးလေးသေဆုံးခဲ့ပြီး ထောင်ဒဏ်အပြစ် ချမှတ်ခံရပါတယ်။
 
အသက် ၅၂ နှစ်အရွယ် Fidel Lopez ဆိုသူအမျိုးသားဟာ အိမ်မှာ တစ်ယောက်ထဲ ရှိနေစဉ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဇနီးလောင်း အိမ်ပြန်ရောက်လာချိန်မှာ သွေးတွေယိုထွက်နေတဲ့ ခွေးမလေးကို တွေ့ရပြီး မကြာမခင်မှာ အဆိုပါဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။
 
 
အော်ရီဂွန်ပြည်နယ်ရဲ့ ဥပဒေအရ တိရိစ္ဆာန်များကို နှိပ်စက်ကလူပြုမှု ပထမအဆင့်အပြစ်သတ်မှတ်ပြီး ထောင်ဒဏ် ရက်ပေါင်း ၆၀ နဲ့ ၃ နှစ်တိတိ စောင့်ကြည့်ခံရမှာဖြစ်ပါတယ်။ Fidel Lopez ဟာ တိရိစ္ဆာန်နဲ့ ကာမဆက်ဆံရတာကို စိတ်ဝင်စားသူဖြစ်ကြောင်း မကြာခဏ ဆိုသလို သူ့ရဲ့ ယောက်ျားတန်ဆာကို ခွေးကို ထုတ်ပြတတ်ကြောင်း ဇနီးလောင်းဖြစ်သူ ခွေးပိုင်ရှင်က ထွက်ဆိုခဲ့ပါတယ်။
 
ဒါ့အပြင် အခြားသူတစ်ယောက်က ခွေးနဲ့ နှစ်ပါးသွားတာကို ကြည့်ဖူးတဲ့အကြောင်း မကြာခဏပြောပြီး သူမကို ဒီထက်ပိုပြီး အကောင်ကြီးတဲ့ ခွေးမွေးဖို့ စဉ်းစားသင့်ကြောင်းလည်း တိုက်တွန်းပါတယ်။ DNA စစ်ဆေးချက်အရ Fidel Lopez ဟာ အမှုနဲ့ ဆက်စပ်နေကြောင်း စစ်ဆေးရေးအရာရှိက ရုံးတော်ကို တင်ပြခဲ့ပါတယ်။
 
 
Fidel Lopez ဟာ စားသောက်ဆိုင်တစ်ခုက အလုပ်သမားဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ အရက်မူးနေတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့ညက သူ့ရဲ့ ဇနီးလောင်း အိမ်ပြန်မလာတဲ့အတွက် စိတ်ဂနာမငြိမ်ဖြစ်နေခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက လျှောက်လဲခဲ့ပါတယ်။
 
Lopez အနေနဲ့ ခွေးပိုင်ရှင်ဖြစ်တဲ့ ဇနီးလောင်းကို ဒေါ်လာ ၅၀၀ ပေးလျော်ရမှာဖြစ်ပြီး ထောင်ဒဏ်လည်းကျခံရမှာဖြစ်ပါတယ်။ ဇနီးလောင်းဖြစ်သူကတော့ ဒေါသထွက် စိတ်သောကရောက်လွန်းလို့ တရားရုံးမှာတောင် အဆုံးအဖြတ်ကို လာရောက် ကြားနာခြင်းမရှိခဲ့ပါ။
 


Follow us on