1. Home
  2. Movie Stars - Celebrity

ဇနီးဟောင်းကို လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲခံထားရတဲ့ Jonny Depp

Movie Stars - Celebrity เม.ย. 12, 2562 view 1,455

ကမ္ဘာကျော်ပင်လယ်ဓားပြ Jack Sparrow မင်းသားကြီး Jonny Depp ကိုဇနီးဟောင်း Amber Heard က နှိပ်စပ်ညှင်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၊သွားပုပ်လေလွင့် ပြောမှုနဲ့ တရားရုံးမှာအမှုဖွင့်ခဲ့ပါတယ်။ မင်းသားကြီး Jonny Depp ဟာ ဒီနှစ်ပိုင်းတွေမှာ ဇာတ်ကားရိုက်တာတွေရပ်နားနေခဲ့ပြီး ပရိတ်သတ်ရှေ့ကပျောက်နေခဲ့တာပါ။ သူပြန်ပေါ်လာတဲ့အချိန်မှာတော့ မျက်နှာမှာအကျည်းတန်တဲ့ အမာရွက်အပိုင်းအစတွေကို ပရိတ်သတ်တွေကသတိထားမိခဲ့ပါတယ်။ ဒါဟာ သူ့ကွာရှင်းထားတဲ့ ဇနီးဟောင်း Amber Heard ကမျက်နှာကို ဝိုင်ပုလင်းနဲ့ရိုက်ခဲ့တုန်းက ရခဲ့တဲ့ဒဏ်ရာတွေဖြစ်တယ်လို့ Depp ကပြောပါတယ်။

Depp ဟာဝိုင်ပုလင်းနဲ့ အရိုက်ခံရပြီး မျက်လုံးတစ်ဖက်ပျက်စီးခဲ့ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Depp ကို သနားကြတဲ့ ဖန်တွေက Amber Heard ကို ပြစ်တင်ပြောဆိုလာကြပါတယ်။ Amber ကဒီကိစ္စမှာသူမမှားကြောင်း၊ Jonny Depp ဟာသူမနဲ့ ပေါင်းသင်းနေထိုင်စဉ်ကာလကတည်းက သူမကိုထိခိုက်ဒဏ်ရာမျိုးစုံရရှိအောင် အန္တရာယ်ပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားပြီး တရားရုံးမှာအမှုဖွင့်ထားပါတယ်။

“Jonny Depp ဟာ Amber ကို နည်းမျိုးစုံနဲ့နှိပ်စက်ခဲ့တာပါ သူတို့ကွာရှင်းပြီးတဲ့တိုင်အောင် လူရှေ့သူရှေ့မှာ အနိုင်ကျင့်နှိပ်စက်တာမျိုးတွေရှိခဲ့ပါတယ်” လို့ Amber Heard ရှေ့နေ Eric George ကပြောကြားထားပါတယ်။ Amber Heard ပြောကြားချက်အရ Jonny Depp ဟာ သူမကို စိတ်ဖောက်နေတဲ့လူတစ်ယောက်လို ၊ ငဲ့ညာခြင်းမရှိပဲ နည်းမျိုးစုံနဲ့နှိပ်စက်ခဲ့တယ်လို့ ပြောလာပါတယ်။

လက်ရှိမှာတော့ မင်းသားကြီး Jonny Depp ဟာ ပင်လယ်ဓားပြဇာတ်ကားကြီးမှာဆက်လက်ပါဝင်ဖို့ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပြီး စီးပွားရေးကျဆင်းမှုလဲအနည်းငယ်ရှိနေပါတယ်။ Depp ရဲ့ ရှေ့နေ Adam Waldman ကလဲ ဒီအမှုမှာ သက်သေအထောက်အထားခိုင်လုံမှုရှိမရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

(ပိုပိုလေး)



Follow us on