1. Home
  2. Special or Others

Samsung Galaxy ခေါက်ဖုံး တစ်ရက်နှစ်ရက်သုံးပြီးနောက် ပျက်ဆီးမှုကို သတိပေး

Special or Others เม.ย. 18, 2562 view 1,795
Samsung ၏ နောက်ဆုံးပေါ် ခေါက်ဖုံးဖြစ်သည့် ကန်ဒေါ်လာ ၂,၀၀၀(ကျပ်သိန်း ၃၀) တန်ဖိုးရှိ Galaxy Fold ဖုန်းဟာ တစ်ရက်နှစ်ရက်သာ သုံးပြီးနောက် ခေါက်ချိုးရာနေရာတွင် ပျက်ဆီးမှုများ ဖြစ်ပေါ်သည့်ပြသနာများ ဖုန်းပိုင်ရှင်အချို့ ရင်ဆိုင်နေရကြောင်း သတင်းပေးမှုများ ပျံ့နှံ့ခဲ့သည်။
 
 
Samsung အနေဖြင့် ဖုန်း၏ စွမ်းဆောင်ရည်များကို ရေးသားဖော်ပြရန် ဂျာနယ်လစ်များ၊ YoTuber များအား ကြိုတင်ထုတ်ပေးခဲ့ပြီးနောက် ဂျာနယ်လစ်အချို့၏ဖုန်းများ တစ်ရက်နှစ်ရက်ခန့်သုံးပြီးနောက် ခေါက်ရာနေရာတွင် ပျက်ဆီးပြီး ဖုန်းလုံးဝအလုပ်မလုပ်တော့ကြောင်း သိရှိရသည်။
 
ဂျာနယ်လစ်အချို့၏ အဆိုအရ ဖုန်း၏ စခရင်မျက်နှာပြင်ပေါ်တွင် ကပ်ထားသော ဖလင်အလွှာပါးလေး (ကုန်ပစ္စည်းသစ်များတွင် အစင်းရာပွန်းရာထင်မှာကို ကာကွယ်သည့်အနေနဲ့ ကပ်ထားသည်ဟု  ယူဆပြီး) ဖယ်ရှားလိုက်ပြီးနောက် အခုလို ခေါက်ရိုးကျိုးတဲ့ ပြသနာများ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ 
 
 
ဒါကြောင့် Samsung Galaxy Fold Phone သုံးသူတွေအနေနဲ့ စခရင်မျက်နှာပြင်က အလွှာပါလေးကို မခွာကြဖို့ကို သတိပေးထားပါတယ်။ ယင်းအလွှာမှာ မျက်နှာပြင်ကို ကာကွယ်ထားသည့် အထူးကပ်ခွာအလွှာဖြစ်သောကြောင့် ခွာလိုက်ပါက ဖုန်းပျက်ဆီးနိုင်ကြောင်း ဖုန်းလိုင်းကုမ္ပဏီ T-Mobile မှ အကြီးတန်းမန်နေဂျာ Desmond Smith က ပြောကြားခဲ့သည်။
 
ကမ္ဘာ့စီပွားရေးသတင်းများ တင်ဆက်နေတဲ့ Bloomberg ရဲ့သတင်းထောက် Mark Gurman ကလည်း အဆိုပါ ကပ်ခွာကို ခွာလိုက်ပြီးနောက် ဖုန်းမှာ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ကြောင်း သူ့ရဲ့ တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
 
 
Samsung က အဆိုပါဖုန်းကို အများသုံးရန်အတွက် မထုပ်ပေးမီက အကြိမ်ပေါင်း ၂ သိန်းကျော် စမ်းသပ်ခဲ့ပြီး ပြသနာမဖြစ်ခဲ့ဖူးလို့ဆိုပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ အပေါ်ယံလွှာပေါ်မှာလည်း မျက်နှာပြင်မှာ အထူးအလွှာကပ်ထားတဲ့အတွက် မခွာကြရန် ခွာပြီးသုံးပါက ဖုန်းပျက်ဆီးနိုင်ကြောင်း သတိပေးစာတန်းကပ်ထားပါတယ်။
 
 
ဒါကြောင့်မို့ Samsung Galaxy Fold Phone ပိုင်ရှင်တွေအနေနဲ့ ဖုန်းမျက်နှာပြင်ပေါ်က အထူးပြုကပ်ခွာစတေကာကို မခွာကြဖို့ သတိပေးထားပါတယ်။


Follow us on