1. Home
  2. Movie Stars - Celebrity

Instagram မှာ followers အများဆုံး Kpop Idol တစ်ဦးဖြစ်လာတဲ့ Lisa

Movie Stars - Celebrity เม.ย. 18, 2562 view 1,659

တောင်ကိုးရီးယား နာမည်ကြီး မိန်းကလေး idol အဆိုတော်အဖွဲ့ Blakpink မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ဟာ ကေပေါ့ပ်သက်တမ်းတစ်လျှောက် အင်စတာဂရမ်မှာ followers အများဆုံးရရှိထားတဲ့ idol တစ်ယောက်ဖြစ်လာပါပြီ။

ဒီနှစ်ပိုင်းတွေမှာတော့ Lisa ဟာ Kpop မိန်းကလေး idol တွေကြားမှာ followers အများဆုံးလူတစ်ယောက်ပါပဲ။ သူမရှေ့မှာ followers အများဆုံးရရှိထားသူကတော့ Exo အဖွဲ့မှ Chanyeol ဖြစ်ပါတယ်။ သို့ပေမဲ့ လတ်တလော စစ်တမ်းကောက်ယူချက်အရ Lisa ဟာ followers ပေါင်း 17.7 သန်းရရှိခဲ့ပြီး Chanyeol ကတော့ followers ပေါင်း 17.4 သန်းရရှိနေပါတယ်။

Lisa ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်ကို ပြီးခဲ့တဲ့ ၂၀၁၈ ၊ ဇွန်လမှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သူမအတွက်တော့ followers သန်းနဲ့ချီပြီး ရရှိအောင်လုပ်ဖို့ အချိန်တစ်နှစ်တောင်မကြာခဲ့ပါဘူး။

Chanyeol နဲ့ Lisa တို့မတိုင်မီ အင်စတာဂရမ်မှာ followers အများဆုံးရရှိခဲ့သူကတော့ Big Bang အဖွဲ့မှ G-dragon ပဲဖြစ်ပါတယ်။ လတ်တလောမှာ G-dragon ကစစ်မှုထမ်းနေတာကြောင့် လက်ကိုင်ဖုန်း၊ ဆိုရှယ်မီဒီယာအစရှိသည်တို့ကို သုံးစွဲပိုင်ခွင့်မရှိသေးပါဘူး။ G-dragon စစ်မှုထမ်းနေစဉ်အတောအတွင်း Exo အဖွဲ့မှ Chanyeol က followers အများဆုံးဖြစ်လာပါတယ်။

လက်ရှိမှာတော့ Chanyeol ကို Lisa ကကျော်သွားပြီဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ Blackpink ဟာအရှေ့အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိပါ ကျော်ကြားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်နေပါပြီ။ blackpink အဖွဲ့ အသစ်ထွက်ရှိထားတဲ့ Kill This Love သီချင်းဗွီဒီယိုဟာလဲ Youtube မှာတင်ပြီးပြီးချင်း ၂၄ နာရီအတွင်း ကြည့်ရှုသူ 56.7 သန်း ရရှိခဲ့ပြီး Ariana Grande ရဲ့ စံချိန်ကိုကျော်လွန်ကာ youtube သမိုင်းတစ်လျှောက်စံချိန်ချိုးနိုင်ခဲ့ပါတယ်။ Ariana Grande ရဲ့ Thank you,next ကတော့ ၂၄ နာရီအတွင်းကြည့်ရှုသူ 55.4 သန်းရရှိခဲ့တာပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 

 



Follow us on