1. Home
  2. Myanmar News

အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ယာစီမံကိန်း စတင်အကောင်ထည်ဖော်

Myanmar News เม.ย. 19, 2562 view 1,538
နိုင်ငံတော်၏ အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ယာစီမံကိန်းကို ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရှိရသည်။
 
"စီမံကိန်းက စတာသုံးလလောက်ပဲရှိသေးတယ်။ ပြည်သူ့အိမ်ရာတော့ မဟုတ်သေးဘူး။ အသင်းနဲ့ အစိုးရပူးပေါင်းတယ်ဆိုပေမယ့် ပြည်ထောင်စုဘတ်ဂျက်နဲ့ တင်ဒါပေးတဲ့သဘော ပဲ။ အဓိကကတော့ အငြိမ်းစားဝန်ထမ်းတွေ  ပေးမှာပါ။ လုပ်ငန်းရှင်ရယ်၊ နိုင်ငံတော်ပေါ်လစီနဲ့ ပေါင်းစပ်လုပ်ဆောင်သွားရင် အနည်းဆုံး အရင်းလောက်တော့ကျန်နိုင်တယ်။ အခန်း အရေအတွက်ကိုလည်း ထောင်၊ သောင်း အထိဖော်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်"ဟု အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့် က မြန်မာတိုင်းမ်းစ်ကို ပြန်လည်ဖြေကြားခဲ့သည်။
 
ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် ဖော်ဆောင်လုပ်ကိုင်နေသော အဆိုပါစီမံကိန်းမှာ ပထမဦးဆုံးအဆင့်အဖြစ် မြေ ၁၈၃ ဧကပေါ်တွင် ၂၅ ဧကကို ဝန်ထမ်းများအတွက် အခန်း ၆ ခန်းပါ ၆ ထပ်တိုက်ခန်းတွဲပေါင်း ၁၀ လုံးခန့်စတင် ဆောက်လုပ်မည်ဖြစ်ပြီး အခန်းပေါင်း ၅၀၀ ပါရှိမည်ဟု ခန့်မှန်းထားသည်။
 
တိုက်ခန်း ရရှိလိုသူများအနေနဲ့ သက်ဆိုင်ရာဌါနများတွင် စာရင်းပေးလျှောက်ထားနိုင်ပြီး လျှောက်ထားသူအရေအတွက်အပေါ်မူတည်ကာ အခန်းလုံလောက်မှုမရှိပါက မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။
 
အစိုးရ၏ ဘတ်ဂျက်အစီစဉ်နဲ့ ဆောင်ရွက်ပေးရသည့်အတွက် မြေ ၁၈၃ ဧက ပေါ်တွင် ၂၅ ဧကသာ ဝန်ထမ်းအိမ်ယာဖော်ဆောင်နိုင်မည်ဖြစ်ကာ ကျန်မေ့နေရာများပေါ်တွင် လုပ်ငန်းရှင်များအနေနဲ့ တန်ဖိုးနည်းအိမ်ယာများ ဖော်ဆောင်ပေးနိုင်ရန် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
သတင်းကိုးကား - MayanmarTimes
 

 



Follow us on