1. Home
  2. Special or Others

အွန်လိုင်း ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ သင့်ကို Cyber Bullying လုပ်လာမယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ

Special or Others เม.ย. 19, 2562 view 1,890

Cyber Bullying ဆိုတာက အွန်လိုင်း၊ ဆိုရှယ်မီဒီယာတွေပေါ်ကနေ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ပေါ်မှ Cyber Bullying လုပ်ခြင်းအများစုတွေ ့ရပြီး သင့်အကြောင်းကို မကောင်းကြောင်း ဆဲဆိုခြင်း ၊ သင့်ကို နစ်နာစေမဲ့ မကောင်းသတင်းများဖွခြင်း ၊ သင့်ကို အကောင့်တုတွေနဲ့ နှောက်ယှက်ခြင်း ၊ ခြိမ်းခြောက် ငွေညစ်ခြင်း စတဲ့အရာတွေဟာ Cyber Bulling များဖြစ်ကြပါတယ်။

ဒီလို Cyber Bully အလုပ်ခံရလို့ စိတ်ကျရောဂါရသွားသူတွေ၊ စိတ်ရောဂါဖြစ်သွားတဲ့သူတွေအပါအဝင် လူတောမတိုးရဲတော့အောင် တစ်ဘဝလုံး စုတ်ပြတ်သွားသူတွေအပြင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ သူတွေလည်း နေ့စဉ်နဲ့အမျှပါပဲ။ ဒီလိုမျိုး Cyber Bully အလုပ်ခံရပြီဆိုရင် မတုန့်ပြန်ဘဲ အ ကောင်းဆုံး ဖြေရှင်းရမယ့်  နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
(၁) သင့်လိုပဲ လူအများလည်း Cyber Bully လုပ်ခံနေရပါတယ်
 
Cyber Bully အလုပ်ခံရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ္ဘာကျော်ဆယ်လီတွေဖြစ်တဲ့ Selena Gomez, Demi Lovato, တို့ကစလို့  မြန်မာနိုင်ငံမှ ဆယ်လီ တွေလည်း မက သာမန်လူတွေမှာလည်း နေ့စဉ်နဲ့အမျှ ဒီလို Bully လုပ်တာကို ခံရကြပါတယ်။ ဒါကြောင့် ဒီလိုဖြစ်နေတာတွေကို သင့်တစ်ယောက်တည်းလို့မတွေးဘဲ လျစ်လျူရူလိုက်ပါ။
 
(၂) လူကြီးမိဘတွေကို ဖွင့်ပြောပါ
 
ထုတ်ပြောလိုက်လို့ အဆူခံရမှာ၊ အပြစ်တင်ခံရမှာကို ကြောက်ရွံ့နေရင် ပိုဆိုးတဲ့ ရလဒ်တွေသာ ရလာနိုင်တာကြောင့် လုံးဝမဖုံးကွယ်ပါနဲ့။ ကိုယ့်ရဲ့ မိဘတွေ၊ ဆရာသမားတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး အကောင်းဆုံ အကြံဉာဏ်တွေကို ရယူပါ။
 
(၃) သက်သေတွေ စုဆောင်းပါ
 
သင့်ကို ပို့တဲ့ ခြိမ်းခြောက်စာတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ စာမျိုးတွေကို သေသေချာချာ Screen Shot ပြီး သိမ်းထားပါ။ အမှုတွေ ဖြစ်လာတဲ့အခါတွေမှာ သက်သေအဖြစ် သုံးနိုင်အောင်လို့ပါ။
 
(၄) ဘာမှမတုန့်ပြန်ပါနဲ့
 
သင့်ကို ပြောနေတဲ့အရာတွေကို ဖြေရှင်းတာတွေ၊ တုန့်ပြန်တာတွေ မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် လုံးဝကို ဖွင့်မကြည့်တာ အကောင်းဆုံးပါပဲ။ တကယ်လို့ ဒီအရာတွေကို မကြည့်ဘဲ မနေနိုင်ဘူးဆိုရင်တော့ သင့်ရဲ့ အကောင့်ကို ယာယီပိတ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ လူဆိုတာ ကဲ့ရဲ့ ၇ ရက် ချီးမွမ်း ၇ ရက်ဖြစ်လို့ ဒီ့ထက်ပိုပြီး ပြောတော့မှာ မဟုတ်ပါဘူး။
 
(၅) Block ပါ
 
Message တွေ၊ Email တွေကို ဘယ်သူမှ စာပို့လို့မရအောင် Block ထားလိုက်ပါ။ Comment တွေကိုလည်း ပိတ်ပြီး ဖြစ်နိုင်ရင် ပို့စ်တွေ တင်တဲ့အခါ Freind Only နဲ့တင်တာ အကောင်းဆုံးဖြစ်ပါတယ်။
 
(၆) ရဲကိုတိုင်ကြားပါ
 
တကယ်လို့ သင်လုံးဝသည်းမခံနိုင်တော့ဘူး၊ အခြေအနေတွေက ပိုပိုပြီး ဆိုးရွားလာတယ်ဆိုရင်တော့ ရဲကို အကြောင်းကြားပြီး တည်ဆဲပုဒ်မတွေနဲ့ တရားစွဲဆိုနိုင်ပါတယ်။

 



Follow us on