1. Home
  2. Movie Stars - Celebrity

လမ်းခွဲလိုက်တဲ့ Megan Fox & Brian Austin Green

Movie Stars - Celebrity ส.ค. 22, 2558 view 1,678

         လမ်းခွဲလိုက်တဲ့ Megan Fox & Brian Austin Green

     အမေရိကန် သရုပ်ဆောင်များဖြစ်သော Megan Fox & Brian Austin Green တို့ဇနီးမောင်နှံသည် ၁၁ နှစ်တာအတူလက်တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်ပါတယ် ။ Us Weekly နှင့် People သတင်းများက ဖော် ပြခဲ့ပါတယ်။

မီဂန်ဖောက်စ်တို့စုံတွဲသည် ၂၀၀၄ တွင် Hope & Faith ရုပ် သံအစီအစဉ်ရိုက်ကူးရေး၌ စတင် ဆုံတွေ့ခဲ့ကြပြီး ခြောက်နှစ်တာချစ် ကြိုက်ခဲ့ပြီးနောက် ၂၀၁၀ ပြည့် နှစ်တွင် လက်ထပ်၍ သားနှစ်ဦးရှိပါတယ်။

“ လွန်ခဲ့တဲ့ ခြောက်လ ကတည်းက လမ်းခွဲဖို့ဆုံးဖြတ် လိုက်တာပါ’’ လို့ US Weekly ကပြောခဲ့ပါတယ် ။ အသက် (၂၉)နှစ်အရွယ်ရှိ မီဂန်ဖောက်စ်သည် ရုပ်ရှင်ရိုက် ကူးရေးများအားလပ်မှုနှင့် ပတ်သက်ပြီး ၎င်းတို့ဇနီးမောင်နှံ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်ဟု သတင်းများထွက်နေသည်။

Transformers မင်းသမီး မီဂန်ဖောက်စ်သည် ဇာတ်ကား များကမ်းလှမ်းခံရမှုကို အလွန်နှစ် သက်နေပြီး ၎င်း၏ ရိုက်ကူးရေးမအားလပ်သောကြောင့် (၂)နှစ် သားအရွယ်နှင့် (၁)နှစ်ခွဲအရွယ် သားငယ်နှစ်ဦးကို ခင်ပွန်းဖြစ်သူ နှင့် ထားခဲ့ရာမှ စကားများကြခြင်း ဖြစ်သည်ဟု သတင်းများက ပြောကြသည်။

၎င်းတို့ဇနီးမောင်နှံ သည် သားငယ်များအတွက် အခင်အမင်မပျက်နေရန် ဆုံး ဖြတ်ထားသည်ဟုလည်းပြောကြားခဲ့ပါတယ် ။



Follow us on