1. Home
  2. Movie Stars - Celebrity

Blackpink အမာခံပရိတ်သတ်ဖြစ်သွားပြီလို့ပြောလာတဲ့ Will Smith တို့ဇနီးမောင်နှံ

Movie Stars - Celebrity เม.ย. 22, 2562 view 1,620

တောင်ကိုးရီးယား နာမည်ကျော်အမျိုးသမီး Kpop အဖွဲ့ Blackpink ဟာ ဟောလိဝုဒ်အဆိုတော်များစွာ တက်ရောက်ဖျော်ဖြေတဲ့ အမေရိကန်ဂီတဖျော်ဖြေပွဲကြီး Coachella မှာ သွားရောက်ဖျော်ဖြေခဲ့ရတာပဲဖြစ်ပါတယ်။ Coachella ဂီတဖျော်ဖြေပွဲဟာ ၁၉၉၉ ခုနှစ်မှစတင်ပြီး နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လာတဲ့ အမေရိကသမိုင်းဝင်ဂီတဖျော်ဖြေပွဲကြီး ဖြစ်ပါတယ်။ Blackpink ဟာ Coachella မှာ ပထမဦးဆုံး အမျိုးသမီး Kpop idol အဆိုတော်အဖွဲ့ အဖြစ်တက်ရောက်ဖျော်ဖြေခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။

Coachella ပွဲကြီးဟာသမိုင်းဝင်ဖျော်ဖြေပွဲကြီးဖြစ်တာကြောင့် နာမည်ကြီးအနုပညာရှင်တွေကို တစ်ပြိုင်နက်တည်း တွေ့ဆုံနိုင်မယ့် ပွဲတစ်ပွဲဆိုလဲမမှားပါဘူး။ ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Will Smith နဲ့ ဇနီးသည် Jada Pinkett Smith တို့ကလဲ Coachchella ကို တက်ရောက်လာခဲ့ပါတယ်။  ဟောလိဝုဒ် ကမ္ဘာကျော်အဆိုတော်တွေ အများအပြားထဲကမှ Will Smith တို့ဇနီးမောင်နှံဟာ Blackpink အဖွဲ့နဲ့ ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

“စင်ပေါ်ကဆင်းဆင်းချင်း blackpink နဲ့တွေ့တာပဲ ကျွန်တော်နဲ့ Jada ကတော့ အမာခံပရိတ်သတ်ဖြစ်သွားပါပြီ” လို့ရေးသားပြီး ပုံနှင့်တကွတင်ခဲ့ပါတယ်။ Blackpink အဖွဲ့ဝင် Jisoo ကလဲ သူမရဲ့ အင်စတာဂရမ်မှာ Will Smith တို့ ဇနီးမောင်နှံနဲ့ ရိုက်ထားတဲ့ ပုံတွေကိုထပ်တင်ခဲ့ပါတယ်။

Will Smith ဟာ Kpop ကြိုက်နှစ်သက်တဲ့ သားဖြစ်သူ Jaden Smith ကြောင့် ၂၀၁၃ ခုနှစ်ကတည်းက YG Entertainment ကိုအလည်အပတ်သဘောမျိုးရောက်ရှိဖူးသူတစ်ယောက်ပါ။ 12.4.2019 မှ 21.4.2019 ထိကျင်းပပြုလုပ်တဲ့ Coachella ပြိုင်ပွဲကြီးမှာ Jaden Smith ရော Blackpink ပါ စင်မြင့်ထက်မှာ ဖျော်ဖြေခဲ့ကြရတာဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on