1. Home
  2. Football

နောက်နှစ်နွေရာသီမှာ အသင်းကို ကြီးကြီးမားမား အပြောင်းအလဲတွေပြုလုပ်သွားဖို့ရှိနေတဲ့ ယူနိုက်တက်

Football เม.ย. 23, 2562 view 1,647

မန်ချက်စတာယူနိုက်တက်အကြီးအကဲ Woodward နဲ့ ကလေဇာ မိသားစုဟာ နောက်နှစ်နွေရာသီမှာ အသင်းကို အင်အားကြီးတစ်သင်းပြန်ဖြစ်အောင် ကြီးမားတဲ့ အပြောင်းအလဲတွေပြုလုပ်ပေးသွားမယ် လို့သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားတွေကို နည်းပြဆိုးရှားလ် က ပေါက်ကွဲခဲ့ပြီး ပေးဆပ်မှုနည်းတဲ့ ဘယ်ကစားသမားကိုမဆို ရောင်းထုတ်မယ်တဲ့ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။နောင်နှစ်ရာသီမှာ ပိုကောင်းတဲ့ ယူနိုက်တက်ကိုပြန်လည်မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။

နောက်နှစ်နွေရာသီမှာတော့ ယူနိုက်တက်အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့ ကလေဇာမိသားစုထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ နောက်နှစ်မှာ နာပိုလီမှကူလီဘာလီ နဲ့ ဒေါ့မွန်အသင်းမှ ဆန်ချိုတို့ကို အဓိက ခေါ်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းကို နှစ်ကျော့စလုံး ရှုံနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသလို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း မရေရာ မသချောတဲ့ အနေအထားတွေမှာ ရှိနေတာဖြစ်ပါတယ်။



Follow us on