1. Home
  2. Special or Others

၅ နှစ်သမီးကို အခပေးပြီးလိင်ဆက်ဆံသူမှာ ဖခင်ရင်းဖြစ်ကြောင်း ကလေးမိခင်ပြောဆို

Special or Others เม.ย. 23, 2562 view 1,950
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့ပိုင်း ချာချိုအန်ဆော စီရင်စုမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးအား အသက် ၅ နှစ်အရွယ် သူမ၏ သမီးဖြစ်သူကို လိင်အလုပ်အတွက် ရောင်းစားခဲ့မှုနဲ့ ရဲအဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
 
>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<
 
ကလေးနဲ့အတူ လိင်ဆက်ဆံရန် အခကြေးငွေပေးသူ အသက် ၅၂ နှစ်အရွယ် အမျိုးသားကိုလည်း တွေ့ရှိရပြီး တစ်ချိန်ထဲမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကလေး၏ မိခင်ဖြစ်သူက အခကြေးငွေပေးပြီး လိင်ပျော်ပါးသူ အမျိုးသားမှာ ကလေး၏ ဖခင်အရင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ရဲအဖွဲ့က ကလေးမိခင် အမျိုးသမီး၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အမျိုးသား၏ အမည်မှာ “ဝီနေ” ဟု ပြောကြားခဲ့သည်။
 
 
ကလေးကို လိင်ပျော်ပါးဖို့အတွက် တစ်ကြိမ်လျှင် ဘတ်ငွေ ၂၀၀ မှ ၃၀၀ ထိ ကလေးမိခင်ကို ပေးကြောင်း သိရှိရသည်။ “ဝီနေ”မှ ယခင်ထဲက သမီးတစ်ယောက်နဲ့ အိမ်ထောင်ရှိသူဖြစ်ပြီး အမျိုးသမီးနဲ့ ပက်သက်ခဲ့ပြီးနောက် အမျိုးသမီးမှာ ကိုယ်ဝန်ရခဲ့သည်။
 
 
သမီးလေးမှာ ယင်းကိုဝန်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူ့သမီးအရင်းဖြစ်ကြောင်း “ဝီနေ”ကို ပြောပြခဲ့ပေမယ့် လက်မခံခဲ့တဲ့အတွက် ကလေးရဲ့မွေးစာရင်းမှာ ဖခင်အမည်ထည့်ရန် အခြားလူတစ်ဦးကို ရှာခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
 
နောက်ဆုံးမှာ သမီးအရင်းဖြစ်တာကို လက်မခံပဲ မိခင်ဖြစ်သူကို ငွေကြေးပေးကာ လိင်ပျော်ပါးခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူကို ကလေးပြည့်တန်ဆာမှု၊ အတင်းအကျပ်စေခိုင်းမှုတို့နဲ့ အမှုဖွင့်ထားပြီး အမျိုးသားကိုတော့ အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးကိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ၁၅ နှစ်အောက်ကလေးကို ဗလက္ကာရလုပ်မှုများနဲ့ ဖမ်းဆီးတရားစွဲဆိုထားသည်။
 
 
လက်ရှိမှာတော့ ကလေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးဌါနလက်အောက်တွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း The Nation သတင်းတွင် ဖော်ပြပါရှိသည်။
 
(ပိုပိုေလး)
 


Follow us on