1. Home
  2. Movie Stars - Celebrity

အများကစိတ်ဝင်တစား သိချင်နေကြတဲ့ သင်ဇာဝင့်ကျော်ရဲ့ဓာတ်ပုံထဲက လက်ပိုင်ရှင်ထွက်ပေါ်လာ

Movie Stars - Celebrity เม.ย. 24, 2562 view 1,809

လတ်တလောလူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားစရာသတင်းပေါင်း မြောက်များစွာရှိတဲ့အထဲကမှ သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့သတင်းကတော့ ပရိသတ်တွေကြားထဲ အတော်လေးဟစ်ဖြစ်နေလို့နေပါတယ်။ လက်ရှိမှာသရုပ်ဆောင်သင်ဇာဝင့်ကျော်က မော်ဒိုက်ကမ်းခြေမှာ အပန်းဖြေအနားယူနေတာဖြစ်ပြီး သူမရဲ့အလန်းစားပုံရိပ်တွေကိုလည်း တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။

မနေ့ကညနေပိုင်းမှာတော့ သင်ဇာတစ်ယောက် ရေချိုးကန်ထဲမှာရေစိမ်ရင်း သူမရဲ့သဘာဝအလှတွေကိုပေါ်လွင်နေစေတဲ့ အမိုက်စားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာတင်ခဲ့ပါတယ်။ သူမတင်ခဲ့တဲ့ပုံတွေထဲမှာတော့ ထူးထူးခြားခြားပင် တက်တူးတွေထိုးထားတဲ့ လက်တစ်စုံကလဲပါဝင်နေခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအားလုံးက သူမရဲ့အလှထက် ဓာတ်ပုံထဲမှာပါဝင်နေတဲ့ တက်တူးနဲ့လက်ပိုင်ရှင်ကို ပို၍စိတ်ဝင်စားနေကြတာ ဘယ်သူ့လက်လဲဆိုပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွေကနေတစ်ဆင့် ရှာဖွေခန်းတွေစတင်ခဲ့ကြပါတော့တယ်။

ယနေ့လို ဆိုရှယ်မီဒီယာတွေအားကောင်းနေတဲ့ ခေတ်ကြီးထဲ၊ ဘာမဆိုရှာဖွေလို့ရနေတဲ့ ခေတ်ကြီးကြောင့် လက်ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာထွက်ပေါ်လာခဲ့ပါပြီ။ သင်ဇာဝင့်ကျော်ရဲ့ ဓာတ်ပုံထဲက တက်တူးတွေနဲ့လက်ပိုင်ရှင်ကတော့ နိုင်ငံခြားသား၊ ကမ္ဘာလှည့်ခရီးသွားတစ်ယောက်ဖြစ်ပါတယ်။ Yannik လို့အမည်ရတဲ့ ထိုနိုင်ငံခြားသားဟာဆိုရင် Enjoytavie ဆိုတဲ့ နာမည်နဲ့ အင်စတာဂရမ်အကောင့်ကို အသုံးပြုသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဇာနဲ့ Yannik ရဲ့ပတ်သက်မှုကိုတော့ အတိအကျမသိကြပေမယ့်လည်း အားလုံးကတော့ သူတို့နှစ်ယောက်ကိုချစ်သူတွေလို့ သမုတ်နေကြတာကိုလည်းတွေ့ရပါတယ်။

Yannik ကလည်း သူ့ရဲ့ IG မှာ သင်ဇာပါဝင်တဲ့ပုံကိုတင်ထားတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ဘယ်လိုပတ်သက်နေလဲဆိုတာကို သင်ဇာတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ အတော့်ကိုစိတ်ဝင်စားစရာပါပဲနော်။ သင်ဇာ့ရဲ့ဖြေရှင်းချက်တွေမထွက်ခင်မှာပဲ သင်ဇာဝင့်ကျော်ကိုဝန်းရံနေကြတဲ့ ပုရိဿတော်တော်များများကတော့ အသဲတွေကွဲလို့နေကြပါပြီ။

 

(ပိုပိုလေး)



Follow us on