1. Home
  2. Special or Others

ရေမရှိ၊အပင်မရှိပဲခြောက်ကပ်နေတဲ့နေရာကိုအမြဲစိမ်းသစ်တောအဖြစ်ဖန်တီးနိုင်ခဲ့တဲ့ ဘရာဇီးလူမျိုးဇနီးမောင်နှံ

Special or Others เม.ย. 25, 2562 view 1,822
လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀) ခန့်က ဘရာဇီးလူမျိုး ဓာတ်ပုံပညာရှင် Sebastiao Ribeiro Salgado ဟာ အာဖရိကန်အရှေ့ပိုင်းဒေသကို ခရီးထွက်ခဲ့ပြီး ပျက်စီးလုလုဖြစ်နေတဲ့ Rwanda genocide ဒေသကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
 
သူဟာ ထိုနေရာကို ဒီမတိုင်ခင် တစ်ခေါက်ရောက်ဖူးခဲ့ပြီး အမြဲစိမ်းသစ်တောရှိနေခဲ့တာကို သတိရခဲ့ပါတယ်။ သူမြင်ခဲ့တဲ့ အမြဲစိမ်းသစ်တော ပျောက်ကွယ်သွားတာကို ကြည့်ပြီး Salgado ဟာယူကျုံးမရဖြစ်ခဲ့ပါတယ်။ ထို့နောက် ဇနီးသည် Lelia ကို အရှေ့ အာဖရိကဒေသကို ခေါ်ဆောင်လာပြီး အမြဲစိမ်းသစ်တောကို ပြန်လည်ရရှိအောင်ပြုလုပ်ဖို့ စတင်ခဲ့ကြပါတယ်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Salgado တို့လင်မယားဟာ ၁၉၉၈ ခုနှစ်မှာ Instituto Terra အမည်ရှိတဲ့ အဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတွေကို စတင်ခဲ့ပါတယ်။ Salgados လင်မယားနဲ့ Instituto terra အဖွဲ့တို့ဟာ အပင်မျိုးစိတ်ပေါင်း ၂၉၃ မျိုး၊ ငှက်ပေါင်း ၁၇၂ မျိုး၊ နို့တိုက်သတ္တဝါပေါင်း ၃၃ မျိုး၊ တွားသွားသတ္တဝါပေါင်း ၁၅ မျိုး တို့နဲ့ အမြဲစိမ်းသစ်တောကြီးဖြစ်အောင် စတင်ခဲ့ကြပါတယ်။

Salgados တို့လာရောက်မထိန်းသိမ်းခင်က အဆိုပါဒေသဟာ ပူပြင်းခြောက်ကပ်ပြီး ရေပြတ်လပ်တဲ့ဒေသဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ ယခုအချိန်မှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့လက်အောက်မှာ ရှိတဲ့အမြဲစိမ်းသစ်တောကြီးဖြစ်လာပါပြီ။ Salgados လင်မယားနဲ့ Instituto terra အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုဒေသရဲ့ ရာသီဥတု အပူချိန်ဟာ အရင်ကထက်လျော့နည်းသွားပြီး မိုးခေါင်ရေရှားတာမျိုးတွေလဲ မရှိတော့ပါဘူး။

လက်ရှိမှာတော့ အမြဲစိမ်းသစ်တောကြီးမှာ သစ်ပင်ပေါင်း (၂) သန်းကျော်ပွားများပေါက်ရောက်လာပြီပဲဖြစ်ပါတယ်။ အမြဲစိမ်းသစ်တောကြီးဖြစ်လာပြီမို့ ရှားပါး သတ္တဝါမျိုးစိပ်တွေကလဲတောကြီးထဲကို လာရောက်မှီခိုနေထိုင်လာကြပါတယ်။ 

ထိုနေရာမှာ ရုက္ခဗေဒနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကို အဓိကထားလေ့လာတဲ့ကျောင်းသားတွေအတွက် စာကြည့်တိုက်နဲ့ စာသင်ကြောင်းများလဲ ဖွင့်လှစ်ပေးထားပါတယ်။ သတ္တဗေဒဆိုင်ရာ ကျောင်းသားများကလဲ ရှားပါးမျိုးစိပ်များကို လေ့လာရန် အမြဲစိမ်းတောကြီးကို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။

ဘာမှမရှိ ခြောက်ကပ်နေတဲ့နေရာဒေသတစ်ခုကို အမြဲစိမ်းတောကြီးပြန်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးတဲ့ Salgados လင်မယားနဲ့ Instituto terra အဖွဲ့တို့ကို မလေးစားပဲမနေနိုင်တော့ပါဘူး။ Salgados လင်မယားကိုစံထားပြီး မိတ်ဆွေတို့လဲ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာတတ်အားသမျှ အပင်စိုက်ကြဖို့ တိုက်တွန်းပါရစေ။ ပူပြင်းလာတဲ့ ရာသီဥတုကို တတ်အားသမျှအပင်စိုက်ပြီး ကယ်တင်လိုက်ကြပါစို့လား ပရိတ်သတ်ကြီးရေ။

(ပိုပိုေလး)

 



Follow us on