1. Home
  2. Movie Stars - Celebrity

End game နည်းတူကြည့်ရှုသူပရိတ်သတ်တစ်ခဲနက်ရရှိထားတဲ့ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီး

Movie Stars - Celebrity เม.ย. 25, 2562 view 2,355

ရုပ်ရှင်ကြည့်ရင်း သရဲခြောက်သလို ခံစားရစေမယ့် “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကို 7th sense flim prodiction ကရိုက်ကူးထုတ်လုပ်ပြီး သရုပ်ဆောင် နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ နန်းဆုဦး နှင့် အိန္ဒိယမင်းသမီး Riya Ray တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ လူငယ်ဒါရိုက်တာ ပြည့်ဇော်ဖြိုးပါ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးဟာ ကြည့်ရှုသူတိုင်း ရုပ်ရှင်ရုံထဲမှာ အမှန်တကယ် သရဲခြောက်ခံရသလို ခံစားစေရမှာဖြစ်ပါတယ်။ ဒီကားရဲ့ trailer ကို 7th sense film production က လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ တင်ပြီးကတည်းက ပရိတ်သတ်အများကစိတ်ဝင်စားခဲ့ကြတာပါ။

လတ်တလောမှာ ကမ္ဘာတစ်လွှားနာမည်ကြီး လူကြိုက်များတဲ့ Avengers: End game ကိုရုံတင်ပြသနေတာပဲဖြစ်ပါတယ်။ ခါတိုင်း ဒီလိုနာမည်ကြီးဟောလိဝုဒ်ကားတွေ တင်တဲ့အခါ မြန်မာကားတွေကို ကြည့်ရှုသူနည်းသွားတာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ လူအများဟာ မဟူရာရုပ်ရှင်ရုံဇာတ်ကားကြီးကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ မဟူရာရုပ်ရှင်ရုံကိုရုံတင်ပြသဖို့ JCGV ရုပ်ရှင်ရုံမှ ကြိုတင်လက်မှတ်များစတင်ရောင်းချခဲ့ရာ အကုန်ရောင်းထွက်သွားခဲ့ပါတယ်။ ရန်ကုန်မြို့မှာတင်လက်မှတ်အကုန်ရောင်းထွက်တာမဟုတ်ပဲ မန္တလေးမြို့ရှိ JCGV ရုပ်ရှင်ရုံနဲ့ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံမှာလဲ လက်မှတ်များအကုန်ရောင်းထွက်သွားပြီဖြစ်ပါတယ်။

ပထမဦးဆုံးပြသတဲ့နေ့မှာတင် အောင်မြင်နေတဲ့ မဟူရာရုပ်ရှင်ရုံဇာတ်ကားကြီး အောင်မြင်နေတာ ဝမ်းသာစရာပါပဲ။ End game နည်းတူ ပရိတ်သတ်စိတ်ဝင်စားမှု အများအပြားရရှိထားတဲ့ မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးရဲ့ trailer လေး မကြည့်ရသေးတဲ့ ပရိတ်သတ်တွေအတွက်ဝေမျှပေးလိုက်ပါတယ်။

(ပိုပိုလေး)



Follow us on