1. Home
  2. Movie Stars - Celebrity

လက်ထပ်လက်စွပ်မဝတ်ပဲ အပြင်ထွက်လာတဲ့ဆောင်းဟယ်ကျိုကွာရှင်းလိုက်ပြီလားလို့ မီဒီယာများအငြင်းပွား

Movie Stars - Celebrity เม.ย. 25, 2562 view 1,609

တောင်ကိုးရီးယား ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ဆောင်းဟယ်ကျိုဟာ “Descendant s of the sun” ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဆောင်းဂျွန်ကီနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာမှာလက်ထပ်ထိမ်းမြားခဲ့ပါတယ်။ မြန်မာပရိတ်သတ်တွေ အွန်စောလို့ သိကြတဲ့ ဆောင်းဟယ်ကျိုဟာ အသက် ၃၈ နှစ်ရှိပြီး သူမရဲ့ ခင်ပွန်းသည် ဆောင်ဂျွန်ကီကတော့ အသက် ၃၄ နှစ်ရှိပြီဖြစ်ပါတယ်။ လက်ထပ်တာ (၂)  နှစ်ကျော်ပြီဖြစ်ပြီး လူတကာ အားကျချစ်ခင်ရတဲ့ သူတို့ စုံတွဲလေးကို ပရိတ်သတ်များက ဘယ်တော့ကလေးယူမလဲဆိုတာ သိချင်နေကြပါပြီ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သတင်းမီဒီယာတွေက Song Song couple ဆိုပြီးပရိတ်သတ်တွေချစ်ခင်ကြတဲ့ သူတို့စုံတွဲရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကဘာတွေဖြစ်မလဲဆိုတာ ပြောကြားလာပါတယ်။ ဆောင်းဟယ်ကျိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံခြားကို အလုပ်ကိစ္စအတွက်ခရီးထွက်ခဲ့ပါတယ်။ သတင်းထောက်များက လေဆိပ်မှာ သူမကို ဓာတ်ပုံရိုက်ကူးခဲ့ရာ ဘယ်ဘက်လက်မှာ လက်ထပ်လက်စွပ်ဝတ်ဆင်ထားခြင်းမရှိတာကို သတိထားမိလာကြပါတယ်။

Song Song စုံတွဲဟာ လက်ထပ်ပြီးကတည်းက ပရိတ်သတ်ရှေ့ကို အတူတကွထွက်တာမျိုးတွေမရှိခဲ့ပါဘူး။ သီခြားတစ်နေရာစီမှာပဲမြင်တွေ့နေရတာဖြစ်တဲ့အတွက် မီဒီယာတွေက သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို သတိထားပြီး စုံစမ်းလာကြပါတယ်။ “ခုချိန်ထိ ကလေးမယူသေးတာ ဒါကြောင့်များလား နှစ်ယောက်သား ဆက်ဆံရေးမပြေလည်ကြဘူးလား” ဆိုပြီးပြောလာသူလဲရှိသလို

“ဘယ်သူကရော လက်ထပ်လက်စွပ်ကို နေရာတကာဝတ်နေမလဲ ကိုယ့်လက်စွပ်ပဲ ကိုယ်ဝတ်ချင်တာဝတ်မှာပေါ့ သတင်းထောက်စကားကိုမယုံပါနဲ့” ဆိုပြီး Song စုံတွဲဘက်က ကာကွယ်ပြောဆိုသူတွေလဲရှိနေပါတယ်။

ဆောင်းဟယ်ကျိုကို လက်ထပ်လက်စွပ်မဝတ်ပဲ တွေ့မြင်ရတာဟာဒါဆိုဒုတိယအကြိမ်မြှောက် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိတ်သတ်ကြီးကတော့ ချစ်တဲ့Song စုံတွဲကို  အတူတကွချစ်ချစ်ခင်ခင် မြင်တွေ့ချင်နေတာပါပဲ။

(ပိုပိုလေး)

 

 



Follow us on