1. Home
  2. Movie Stars - Celebrity

ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းဝင်ဖြစ်လာတဲ့ Blackpink Lisa နဲ့ Jisoo

Movie Stars - Celebrity เม.ย. 25, 2562 view 2,323

တောင်ကိုးရီးယား ကေပေါ့ပ်အဆိုတော်အဖွဲ့ blackpink ဟာဆိုရင် ဟောလိဝုဒ်အထိ အောင်မြင်ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာပါပြီ။ blackpink ဟာ youtube မှာ “Du Du Du” သီချင်းနဲ့ သန်း(၇၀၀) ကျော်ရရှိခဲ့ပြီး အမေရိကနိုင်ငံ နာမည်ကြီး ရှိုးတစ်ခုဖြစ်တဲ့ Good Morning America အစီအစဉ်မှာပါဝင်ခဲ့ရပါတယ်။ အနောက်နိုင်ငံတွေထိ အောင်မြင်လာတဲ့ blackpink ဟာမြောက်အမေရိကတစ်လျှောက် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ကမ္ဘာတစ်လွှားက ပရိတ်သတ်တွေဝန်းရံတာကို ခံနေရတဲ့ blackpink အဖွဲ့ဝင်လေးတွေရဲ့ အလှတရားတွေကို ကမ္ဘာနိုင်ငံအရပ်ရပ်က blackpink ဖန်မဟုတ်သူတွေကတောင် အသိအမှတ်ပြုလာကြပါပြီ။ Starmometer က vote လုပ်ပြီးရွေးချယ်ထားတဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီး (၁၀) ဦးမှာ blackpink မှ အဖွဲ့ဝင်သုံးဦးပါဝင်နေခဲ့ပါတယ်။

အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းမလေး Lisa ကတော့ အလှဆုံး အမျိုးသမီး (၁၀) ဦးထဲမှာ နံပါတ်(၂) အလှဆုံးအဖြစ်ချိတ်နိုင်ခဲ့ပါတယ်။

Jisoo နဲ့ Jennie တို့က ၄ နဲ့ ၅ နေရာမှာ အသီးသီး အလှဆုံးစာရင်းဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Rose’ ကတော့ ကမ္ဘာ့အလှဆုံးစာရင်းထဲမှာတော့ မပါဝင်ခဲ့ပေမယ့် ပရိတ်သတ်တွေရင်ထဲမှာတော့အလှပဆုံး နတ်ဘုရားမလေးပါပဲနော်။

Starmometer ကနေ မဲအများဆုံးရရှိထားပြီး ကမ္ဘာ့အလှဆုံးစာရင်းဝင်သွားတဲ့ အမျိုးသမီး (၁၀) ဦးက ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်ရှုခံစားကြည့်လိုက်ပါဦးပရိတ်သတ်ကြီးရေ။ ကိုယ့်အသဲ သူ့အသဲတွေပါရင်လဲ ပြောသွားကြဦးနော်။ ^^

(ပိုပိုလေး)

 

 



Follow us on