အင်တာမီလန်အသင်းဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်မရရှိဖြစ်နေတဲ့ ဆန်းချက်ကို ခေါ်ယူဖို့ကြိုးစားနေတယ် Metro ကဖော်ပြထားပ့ါတယ်။ အင်တာမီလန်အသင်းက ကစားသမား ဘက်ကသာ လစာလျှော့ယူဖို့ သဘောတူခဲ့ပါက တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီကမှ အာဆင်နယ်အသင်းက ပြောင်းရွေ့ လာခဲ့တဲ့ ဆန်းယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုံးကန်နေရပြီး တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ခန့်ပေးချေနေရတာဖြစ်ပါတယ်။
>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>
ဆန်းချက်ဟာ ယူနိုက်တတ်မှာ ၄၃ ပွဲကစားထားပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ယူနိုက်တက်နည်းပြ ဆိုးရှားလ်ကလည်း ဆန်းချက်ကို အငှား (သို့မဟုတ်) အပြီးရောင်းချဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ဆန်းချက်ဟာ စီးဒီအေ ကလပ် အူဒီနီးအသင်းမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သုံးရာသီကစားထားပြီး ၁၁၂ ပွဲမှာ ၂၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းကလည်း ဆန်းချက်ကို အီတလီမှာ ခြေစွမ်းပြနိုင်မယ် ယုံကြည်ထားတာကြောင့် သူအနေနဲ့ လစာလျှော့ယူပါက ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။