1. Home
  2. Movie Stars - Celebrity

Kill This Love သီချင်းဟာ ယာဉ်စည်းကမ်းဥပဒေနဲ့ ငြိစွမ်းတဲ့အတွက် KBS မှထုတ်လွှင့်ခွင့်တားမြစ်

Movie Stars - Celebrity เม.ย. 26, 2562 view 1,575

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS မှ လတ်တလော ရေပန်းစားကျော်ကြားနေတဲ့ အမျိုးသမီးကေပေါ့ပ်အဆိုတော်အဖွဲ့ blackpink သီချင်း Kill This Love ဟာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ မကိုက်ညီတာကြောင့် ရုပ်သံ ချန်နယ်မှာထုတ်လွှင့်ပြသဖို့ ပိတ်ပင်မည့်အကြောင်းထုတ်ပြန်လာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

KBS ထုတ်ပြန်ချက်အရ Kil This Love သီချင်းဟာ ဘယ်နေရာမှာများ ဥပဒေနဲ့ငြိစွန်းနေတယ်ဆိုတာကတော့ အဖွဲ့ဝင် Rose’ ကားမောင်းပြီး ငိုတဲ့အခန်းပဲဖြစ်ပါတယ်။ Rose’ ဟာ music video ထဲမှာကားမောင်းနေစဉ် ခါးပတ်မပတ်ထားခဲ့ပါဘူး။

ဒါ့အပြင် လမ်းမမှာ ခြေဗလာနဲ့လဲပြေးနေခဲ့ပါတယ်။ကားမောင်းနေစဉ် ခါးပတ်မပတ်ပဲ အသိစိတ်လွတ်နေသလို ပုံစံပေါက်တာကြောင့် ယာဉ်စည်းကမ်းနဲ့ မညီညွှတ်ပါဘူး၊ ကားမောင်းတဲ့လူဟာ သတိရှိဖို့ လိုတယ် ဒါကြောင့်မို့ Kill This Love ကိုရုပ်သံမှာ ထုတ်လွှင့်ဖို့ ပိတ်ပင်တားဆီးခဲ့ခြင်းဖြစ်ပါတယ်။

Blackpink မတိုင်မီ ယာဉ်စည်းကမ်းဖောက်ဖျက်မှုနဲ့ပတ်သတ်ပြီး KBS ရုပ်သံလိုင်းရဲ့ ပိတ်ပင်ခြင်းခံခဲ့ရတဲ့သီချင်းတွေကတော့ Psy ရဲ့ Gentleman နဲ့ Lee Hyori ရဲ့ Chitty Chitty Bang Bang တို့ပဲဖြစ်ပါတယ်။ Psy ကတော့ Gentleman သီချင်းထဲမှာ လမ်းဘေးမှာထောင်ထားတဲ့ traffice cone ကို ကန်လိုက်တာကြောင့် ပိတ်ခံရတာဖြစ်ပြီး Lee Hyori ကတော့ကားသွားရာလမ်းမလယ်ကောင်မှာ ပိတ်ပြီးလမ်းလျှောက်နေတာကြောင့်ပဲဖြစ်ပါတယ်။

KBS ရုပ်သံလိုင်းအနေနဲ့ ဒီလိုယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ သီချင်းတွေကို ပိတ်ပင်ခြင်းအားဖြင့် နောက်နောင်ပြည်သူတွေ  ယာဉ်စည်းကမ်းမဖောက်ဖျက်ကြဖို့မျှော်လင့်မိတယ်လို့ ထုတ်ပြန်ထားပါတယ်။

(ပိုပိုလေး)

 



Follow us on