1. Home
  2. Movie Stars - Celebrity

မူးယစ်အမှုအစစ်ဆေးခံဖို့ ဆံပင်အရောင်သစ်ပြောင်းပြီး စမတ်ကျကျတရားရုံးတက်လာတဲ့ မစ်ကီယူချန်း

Movie Stars - Celebrity เม.ย. 26, 2562 view 1,935

တောင်ကိုးရီးယားနိုင်ငံ၊ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ မစ်ကီယူချန်းဟာ မူးယစ်သုံးစွဲမှုနဲ့ အစစ်ဆေးခံဖို့ ဧပြီလ ၂၄ ရက်နေ့ကရုံးတော်မှဆင့်ခေါ်ခြင်းကိုခံခဲ့ရပါတယ်။ ပတ်ယူချန်းဟာ Philopon အမည်ရှိတဲ့ ဂျပန်နိုင်ငံ ကထုတ်လုပ်တဲ့ မူးယစ်ဆေးတစ်မျိုးကို အသုံးပြုထားကြောင်း ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ ပတ်ယူချန်းရဲ့ နေအိမ်ကို ရဲများကရှာဖွေစစ်ဆေးရာမှ ခြေသလုံးမွေးကို နမူနာယူပြီး မူးယစ်ဆေးသုံးစွဲထားခြင်း ရှိမရှိစစ်ဆေးခဲ့ကြပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ပတ်ယူချန်းဟာ တရားရုံးကထုတ်ပြန်ထားတဲ့ဆင့်ခေါ်စာအတိုင်း ဧပြီလ ၁၀ ရက် နေ့လည် ၁ နာရီ ၅၅ မိနစ်အချိန်မှာ ရုံးတက်အစစ်ဆေးခံဖို့ Suwon ခရိုင်တရားရုံးကို ရောက်ရှိလာပါတယ်။

ရုံးတက်အစစ်ဆေးခံဖို့ ရောက်ရှိလာတဲ့ ပတ်ယူချန်းကို မြင်ရသူအပေါင်းက အံ့အားသင့် သွားကြပါတယ်။ လူအများက ပတ်ယူချန်းတစ်ယောက် မူးယစ်ဆေးစွဲပြီး ပုံပျက်ပန်းပျက် ဖြစ်နေလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ အထင်နဲ့အမြင်တခြားစီပါပဲ။ ယူချန်းဟာ တရားရုံးအစစ်ဆေးခံဖို့ ဆံပင်အရောင် အညိုရောင်ပြောင်းကာ Suit နဲ့ကျကျနန ဝတ်ပြီးရုံးတက်လာပါတယ်။

ပတ်ယူချန်း ဝင်လာတာနဲ့အမျှ သတင်းထောက်များက မေးခွန်းများဆက်တိုက် မေးခဲ့ကြပေမဲ့ သူကတော့ဘာကိုမှမဖြေကြားပဲ ပြုံးလို့သာနေပါတော့တယ်။ သူ့ပုံစံက တရားဥပဒ ချိုးဖောက်ထားတဲ့ ရာဇဝတ်သားပုံတောင် မပေါက်ပါဘူး။ တရားရုံးကို ပြုံးရွှင်တဲ့မျက်နှာဘေးနဲ့ ဝင်သွားခဲ့တာပါ။

ပတ်ယူချန်းရဲ့ရှေ့နေကတော့ ယူချန်းမူးယစ်ဆေးသုံးထားခြင်းမရှိကြောင်း သက်သေပြသွားမယ်လို့ဟစ်ကြွေးထားပါတယ်။ ပတ်ယူချန်းပုံစံကလဲ အပြစ်မလုပ်ထားတဲ့ပုံစံလိုပါပဲ။ ဒါပေမဲ့ သူ့အေဂျင်စီ ကြေငြာချက်အရ ယူချန်းဟာအနုပညာလောကမှာ နှုတ်ထွက်ပြီးသားဖြစ်ပါတယ်။

(ပိုပိုလေး)

 

 

 



Follow us on