1. Home
  2. Movie Stars - Celebrity

စစ်တပ်ထဲကထွက်လာအပြီး သူချစ်ရတဲ့ခွေးလေးနဲ့ အလွမ်းသယ်နေတဲ့လီမင်ဟို

Movie Stars - Celebrity เม.ย. 26, 2562 view 2,001

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ လီမင်ဟိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က  စစ်မှုထမ်းခြင်းပြီးဆုံးခဲ့ပါတယ်။ လီမင်ဟိုဟာ တောင်ကိုးရီးယား အသက် ၁၉ နှစ်မှ ၃၀ အတွင်း စစ်မှုမထမ်းမနေရ ဥပဒေအရ မေလ ၁၂ ရက် ၊ ၂၀၁၇ မှာစတင် အမှုထမ်းခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးချစ်တဲ့ လီမင်ဟိုဟာ စစ်မှုထမ်းနေတဲ့ ၂ နှစ်ကာလတိုင်တိုင် ပရိတ်သတ်တွေ၊ သူချစ်ရတဲ့မိသားစုဝင်တွေနဲ့ ဝေးကွာနေခဲ့ရတာပဲဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

စစ်မှုထမ်းနေစဉ်အတောအတွင်း လက်ကိုင်ဖုန်းသုံးခွင့်မရှိတာကြောင့် လီမင်ဟိုတစ်ယောက် ဆိုရှယ်မီဒီယာအင်တာနက်တွေနဲ့လဲ အလှမ်းဝေးနေခဲ့ပါတယ်။ စစ်မှုထမ်းတာပြီးလို့ ထွက်လာပြီး အိမ်ပြန်ရောက်ရောက်ချင်းပုံတွေတင်ပေးခဲ့ပါတယ်။ လီမင်ဟိုဟာ စစ်မှုထမ်းပြီးဆုံးတာကို ပရိတ်သတ်တွေနဲ့ကြိုဆိုပွဲတွေမလုပ်ပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြီးသွားချင်လို့ ဘယ်သူ့ကိုမှ အသိမပေးခဲ့ပေမယ့် အလိုလို သတင်းပေါက်ကြားသွားပြီး သတင်းထောက်တွေရောက်ရှိလာပါတယ်။ လီမင်ဟိုကို ချစ်တဲ့ပရိတ်သတ်တွေကလဲ စစ်မှုထမ်းတာထွက်တဲ့ နေ့မှာတင် လက်ဆောင်တွေအများကြီး ပေးပို့ခဲ့ကြပါတယ်။

ပရိတ်သတ်များပေးပို့လာတဲ့ လက်ဆောင်ပန်းစည်းနဲ့ ပို့စ်ကဒ်တွေကို ကျေးဇူးတင်ကြောင်း အင်စတာဂရမ်မှာဓာတ်ပုံရိုက်ပြီးတင်ခဲ့ပါတယ်။ လီမင်ဟိုရဲ့ ဓာတ်ပုံထဲ မပါမဖြစ်ကတော့ သူ့ရဲ့ခွေးကလေး Choco ပါပဲ။ သူစစ်မှုထမ်းနေစဉ်အတောအတွင်း ခွေးကလေး Choco ကိုလွမ်းနေတဲ့ပုံပါပဲ။

အိမ်ပြန်ရောက်တာနဲ့ ခွေးကလေးနဲ့ ဓာတ်ပုံရိုက်ပြီးတင်ထားတာကို ကြည့်ချင်းအားဖြင့် သူဘယ်လောက်ခွေးချစ်တတ်သလဲဆိုတာ သိသာထင်ရှားနေပါပြီ။

ကဲ တစ်စုံတစ်ယောက်ကတော့ခွေးအရမ်းချစ်တတ်တာပါတဲ့နော်။ ခွေးဖြစ်ချင်သွားတဲ့ သူတွေရှိလား ^^

(ပိုပိုလေး)

 

 

 



Follow us on