1. Home
  2. Health Fix

ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့တဲ့ အသက် (၁၂) အရွယ် ကျောင်းသားတစ်ဦး

Health Fix เม.ย. 26, 2562 view 2,362
ဧပြီ ၂၃ ရက်နေ့က သကေတမြို ့နယ်နေ အသက် (၁၂) အရွယ် အလယ်တန်းကျောင်းသား တစ်ဦးဖြစ်တဲ့ ဝေယံမင်းအောင်ဟာ ခွေးရူပြန်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။
 
ဧပြီ ၁၆ ရက်ကစတင်၍ ကလေးငယ်သည် ခွေးရူးပြန် ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း ၊ စိတ်ကယောက်ကချား ဖြစ်ခြင်း ၊ အစားနင်ခြင်း ၊ ရေသောက်မရခြင်း တို့ကြောင့် ဧပြီ ၂၁ ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူခဲ့သော်လည်း ၂ ရက်အကြာတွင် ကလေးငယ်ဟာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

photo; news watch

“ကလေးငယ်ဟာ ခွေးကိုက်ခံရပြီးနောက် သင်္ကြန်ပြီးတော့ ဖျားတယ် ၊ ထမင်း မစားဘူး ဆန်ပြုတ်ပဲ တိုက်ရတယ် ၊ ပါတွေယားတတ်တယ်၊ ရေဆာပြီးတော့ ရေသောက်လို့မရဘူး ၊ အသက်ရူမဝတာတွေ ဖြစ်လာတယ် ” ဆိုပြီး သေဆုံးသူကလေးငယ်၏ အဘွားက ပြောပါတယ်။
 
ခွေးရူပြန်ရောဂါဟာ ရောဂါပိုးရှိသော ခွေး ၊ကြောင်များက ကိုက်ခြင်း ၊ ကုတ်ခြင်း ၊ တိရစ္ဆာန်၏ သွားရည်နှင် ထိတွေမှုမှစပြီး ရောဂါပိုးကူးစက်နိုင်တာဖြစ်ပါတယ်။ ဒါကို Rabies Virus ကြောင့်ဖြစ်ပွာပြီး ရာနှုန်းပြည့် သေဆုံးနိုင်သော ရောဂါဖြစ်တယ်လို တိရစ္ဆာန်ဆေးကု ဆရာဝန်များက ဆိုပါတယ်။

photo; news watch

ခွေးရူပြန်ရောဂါကူးစက်ခံရပြီဆိုပါက လူတွင် စိတ်ကယောက်ကခြားဖြစ်ခြင်း ၊ ရေမသောက်နိုင်ခြင်း ၊ ယားသလိုလိုနာသလိုလို ဖြစ်ခြင်း၊ သွားရည်တစ်စက်စက် ကျခြင်း စသည့် လက္ခဏာများ ပေါက်ပေါက်လာနိုင်ပါတယ်။ ထို့အခါတွင် ဆေးရုံသို့အမြန်သွားရောက်ပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
 

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၏ တွက်ချက်မှုအရ မြန်မာ နိုင်ငံတစ်ဝန်း ခွေးအကောင်ရေ ၃ ဒသမ ၈ သန်းရှိကာ ၇၀ ရာခိုင် နှုန်းသည် ခွေးလေ ခွေးလွင့်များ ဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် ၂၀၁၆ က ရန်ကုန်မြို့တွင် ပြုလုပ် သော သုတေသနတစ်ခုအရ ခွေး ၂ ကောင်လျှင် ၁ ကောင်သည် ခွေးရူးရောဂါပိုးရှိနိုင်သည်ဟု ဆိုပါတယ်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ခွေး ရူးရောဂါကြောင့် သေဆုံးသူဦး ရေ ၂၀၁၄ က ၁၅၂ ဦး၊ ၂၀၁၅ က၉၈ ဦး၊ ၂၀၁၆ က ၉၉ ဦး၊ ၂၀၁ရက ၇၈ ဦးနှင့် ၂၀၁၈ တွင် ၆၉ ဦးရှိတယ်လို့ သိရပါတယ်။



Follow us on