1. Home
  2. Myanmar News

တောင်ကြီးမြို့ လေလောင်းပြိုင်လူသတ်မှုမှ သိန်း ၁၅၀၀ ကျော် ပျောက်ဆုံး

Myanmar News เม.ย. 29, 2562 view 1,727
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ တိုင်းရင်းဆေးတိုက်တွင် ဧပြီလ ၂၈ ရက်နေ့က လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း(၄၀)အပြင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၅၅၇)ရှိ လက်ဝတ်ရတနာများ ပျောက်ဆုံးလျှက်ရှိကြောင်း သိရှိရသည်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ဖြစ်စဉ်မှာ ကံသာရပ်ကွက် မင်္ဂလာလမ်း အမှတ်(မ/၁၁၈) မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက် ဒေါ်နန်းခမ်းရွှေ ၏ နေအိမ်သို့ ကျောင်းကြီးစုရပ်ကွက် မုံတဝလမ်းတွင် နေထိုင်သူ မနန်းပြည့်ပြည့် က အလုပ်လုပ်ရန် ရောက်လာချိန်တွင် နေအိမ်အောက်ထပ်၌ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်ကို အကူညီတောင်းကာ သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
 
ထို့နောက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး၊ တောင်းကြီးခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော သက်ဆိုင်ရာ ရဲအဖွဲ့များ အခင်းဖြစ်ရာသို့ ရောက်ရှိ စစ်ဆေးခဲ့ရာ လေလောင်းပြိုင် သေဆုံးနေမှုကို တွေ့ရှိခဲ့ရသည်။
 
သေဆုံးမှုတွင် စိုင်းဆေးမွန်(၂၇ နှစ်)မှာ ဒဏ်ရာများနဲ့ နေအိမ်အောက်ထပ်တွင် သေဆုံးနေပြီး၊ နန်းခမ်းလှိုင်(၂၃ နှစ်)နှင့် မောင်ဖဖ(၇ လ) တို့မှာ နေအိမ်အပေါ်ထပ်၌ သေဆုံးနေသည့်အပြင် အိမ်အကူဖြစ်သူ မအေးမိုး(၁၇ နှစ်)လည်း သေဆုံးနေကြောင်း တွေ့ရှိရသည်။
 
လူသတ်မှုကျူးလွန်သူတို့က ကျောက်ပြာပါ လက်စွပ် (၂)ကွင်း၊ ကျောက်နီပါ လက်ကောက် (၄)ကွင်း၊ ကျောက်နီပါ ရွှေဘယက် (၁)ကုံး၊ ကျောက်ပြာပါ ရွှေဘယက် (၂)ကုံး၊ (၁၂)ကျပ်သားခန့်ရှိ ရွှေချောင်း (၆)ချောင်း၊ စိန်လက်ကောက် (၃)ကွင်း၊ ဒင်္ဂါးလက်ကောက်(၁၄)ကွင်း၊ ရွှေခေါင်းဘီး (၂)ခု၊ ရွှေဆံညှပ် (၁)ခု၊ ငွေဒင်္ဂါးပြား (၃၀၀)ပြား၊ ရွှေဆွဲကြိုး (၁၁)ကုံး၊ ရွှေလက်ကောက် (၁၃)ကွင်း စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၅၅၇)နှင့် ငွေသား ကျပ်သိန်း (၄၀)တို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါလူသတ်မှုကို တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 
သတင်းကိုးကား − မြန်မာအလင်း၊ တာချီလိတ်သတင်းအေဂျင်စီ
ဓါတ်ပုံ − Eleven Media
 


Follow us on