1. Home
  2. Football

ပရီးမီးယားလိဂ် PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု နှင့် လူငယ်အကောင်းဆုံး ကစားသမားဆု

Football เม.ย. 29, 2562 view 1,558

၂၀၁၈ -၂၀၁၉ ပရီးမီးယားလိဂ် တစ်နှစ်တာ PFA အကောင်းဆုံးကစားသမားဆု နှင့် လူငယ်အကောင်းဆုံး ကစားသမားဆုတွေ ထွက်ပေါ်ခဲ့ပါပြီ။ တစ်နှစ်တာ ရဲ့  ပရီးမီးယားလိဂ် PFA အကောင်းဆုံးကစားသမားဆု ကို လီဗာပူးလ် နောက်ခံလူ ဗာဂျီလ် ဗန်ဒိုက်က ရရှိခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်နွေရာသီကမှ ဆောက်သမ်တန်အသင်းမှ စံချိန်တင် ပေါင် ၇၅ နဲ့ပြောင်းရွေ့ လာခဲ့ပြီး လီဗာပူးလ်အသင်းအတွက် အထူးခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ သန်းနဲ့လီဗာပူးလ်အသင်းကို Cleen Sheet  ပွဲ ၂၀ အထိ ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး  ယခုအချိန်ထိ ရှုံးပွဲတစ်ပွဲသာ ရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းကိုလည်း ချန်ပီယံဆုအတွက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ အဂွဲရို ၊ ဘာနန်ဒိုဆေးဗာလ်း ၊ ဟာဇတ် ၊ စတာလင် တို့ကို ကျော်ဖြတ်ပြီး အဆိုပါဆု ကို ရရှိခဲ့တာဖြစ်ပါတယ်။

PFA ရဲ့ တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကိုတော့ မန်စီးတီး တောင်ပံကစားသမား စတာလင် တို့ကရရှိခဲ့ပါတယ်။စတာလင်ဟာ မန်စီးတီးအသင်းမှာ အထူးခြေစွမ်းပြကစားထားနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆို ကာကွယ်နိုင်မဲ့ အနေအထားထိစွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် ၁၇ ဂိုးသွင်းယူပေးထားနိုင်ပြီး ၁၀ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ပရိတ်သတ်ကြီးအမြင်ကရော သူတို့နှစ်ဦး အဆိုပါဆုတွေနဲ့ ထိုက်တန်မှုရှိရဲ့လား..?

 



Follow us on