1. Home
  2. Special or Others

ရှိုးပွဲလျှောက်နေစဉ် ဖက်ရှင်မော်ဒယ်လ် လဲကျသေဆုံး (ရုပ်သံ)

Special or Others เม.ย. 29, 2562 view 1,622
အသက် ၂၆ နှစ်အရွယ် အမျိုးသားမော်ဒယ်လ်တစ်ဦး ဖက်ရှင်ရှိုးပွဲတွင် သရုပ်ပြလမ်းလျှောက် ပြသနေစဉ် စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံးသွားခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
ဘရာဇီးနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် Sao Paulo Fashion Week မှာ မော်ဒယ်လ် Tales Soares ရှိုးလျှောက်ပြသနေစဉ် လျှောက်လမ်းအဆုံးမှာ လဲကျသွားခဲ့ခြင်းဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ပရိသတ်တွေနဲ့ ပွဲစီစဉ်သူတွေက မတော်တဆမှုဖြစ်တယ်လို့ ထင်ခဲ့ကြပေမယ့် ပြန်မထလာနိုင်တဲ့အခါ စင်ပေါ်တက်ပြီး အရေးပေါ်အသက်ကယ်နည်းတွေနဲ့ ကူညီကယ်ဆယ်ခဲ့ပါတယ်။ 
 
 
အဲဒီနောက် အရေးပေါ်ဆေးအဖွဲ့တွေရောက်ရှိလာပြီး ဆေးရုံတင်ခဲ့ပေမယ့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Tales Soares ဟာ Sao Paulo အခြေစိုက် ရုပ်ရှင်မင်းသားနဲ့ မော်ဒယ်များ မွေးထုတ်ပေးရာ MGT ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ မော်ဒယ်လ်ဖြစ်ပါတယ်။ သူဟာ စံပြမော်ဒယ်တစ်ယောက်ဖြစ်ပြီး နာမည်ကြီးရှိုးပွဲအတော်များများမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝါရင့်မော်ဒယ်လ်ဖြစ်ကြောင်း အေဂျင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။
 
Tales Soares ဟာ ကျန်းမာရေးလိုက်စားသူဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကို သတ်သတ်လွတ်စားပြီး ထိန်းသိမ်းသူဖြစ်ကြောင်း၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ ဆေးဝါးမှီဝဲတာလည်းမရှိကြောင်း ဆိုပါတယ်။
 
 
သတင်းမီဒီယာအချို့ကတော့ Tales Soares ဟာ ရှိုးပွဲကာလအတွင်း သူ့အတွက် ပွဲစီစဉ်သူတွေက သတ်သတ်လွတ်အစားအသောက် မစီစဉ်ပေးတာကြောင့် ကြာမြင့်စွာ အစာမစားရတဲ့အတွက်ဖြစ်နိုင်ကြောင်း သုံးသပ်ရေးသားကြပါတယ်။ ဒီဝေဖန်မှုဟာ မမှန်ကန်ကြောင်း သူ့အတွက် အစားအသောက်စီစဉ်ပေးခဲ့ကြောင်း ပွဲစီစဉ်သူက ပြန်လည်ငြင်းဆိုတုံ့ပြန်ခဲ့ပါတယ်။
 
 
Tales Soares သေးဆုံးရတာနဲ့ ပက်သက်ပြီး အလောင်းကို ခွဲစိတ်စစ်ဆေးမှု မပြီးသေးခင်ထိ ဘာကြောင့်ဆိုတာ မပြောနိုင်သေးပါဘူး။ သူရုတ်တရက် ကွယ်လွန်ခဲ့တာနဲ့ ပက်သက်ပြီး ဖက်ရှင်အသိုင်းအဝိုင်းက အကြီးအကျယ်စိတ်မကောင်းဖြစ်ရပါကြောင်း အင်စတာဂရမ်မှာ ရေးသားဖော်ပြထားပါတယ်။


Follow us on