1. Home
  2. Special or Others

Avengers: Endgame ဇာတ်လမ်းကို အာချောင်သူအား ရုပ်ရှင်ရုံဝတွင် ဝိုင်းထိုး

Special or Others เม.ย. 29, 2562 view 1,816
၂၀၁၉ ခုနှစ်အတွက် ပွဲအဆူဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Avengers: Endgame ဟာ ရုံမတင်မီကတည်းက ဇာတ်ကားနဲ့ပက်သက်ပြီး ထူးခြားတဲ့ အဖြစ်ပျက်မျိုးစုံ ဖြစ်ခဲ့ရာ အခုရုပ်ရှင်ရုံမှာ ရုံတင်ပြသတဲ့အခါမှာလည်း နောက်ထစ်မျိုး ထပ်ဖြစ်ခဲ့ပြန်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
Avengers: Endgame ကိုကြည့်ပြီး ရုပ်ရှင်ရုံထဲက ထွက်လာတဲ့ အမျိုးသားတစ်ဦးဟာ ဇာတ်လမ်းထဲက အဓိကကျတဲ့ ဇာတ်ကွက်တွေကို အော်ကြီးဟစ်ကျယ်နဲ့ ပြောဆိုခဲ့တာကြောင့် ရုပ်ရှင်ကြည့်ဖို့ လက်မှတ်တန်းစီနေတဲ့ ပရိသတ်တွေက ဒေါသဖြစ်ပြီး ထိုးကြိတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
 
ဧပြီလ ၂၇ ရက်နေ့က ဟောင်ကောင်ရှိ Causeway Bay ရုပ်ရှင်ရုံအပြင်ဘက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဓါတ်ပုံထဲမှာပါတဲ့ အင်္ကျီအဖြူရောင်ဝတ် အမျိုးသားဟာ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်အလာ ရုပ်ရှင်ရုံဝင်ပေါက်မှာ ဇာတ်လမ်းအကြောင်းကို အော်ကြီးဟစ်ကျယ်ပြောခဲ့တဲ့အတွက် ရုပ်ရှင်ကြည့်ဖို့ စောင်နေကြသူတွေ ဒေါသထွက်ပြီး ဝိုင်းဝန်းသင်ခန်းစာပေးလိုက်တာဖြစ်ပါတယ်။
 


Follow us on